U
nicode
//မင်းက သိပ်ကိုတော်တဲ့ IDOL
တစ်ယောက်အဖြစ်ရှေ့ဆက်ရမယ်နော်
မင်းက အနာဂတ်မှာတောက်ပတဲ
ကြယ်ပွင့်လေးဖြစ်နေရမယ့်သူ ငါမရှိလည်းပျော်အောင်နေ မင်းပျော်နေမှ အဝေးကကြည့်နေရတဲ့ ငါကလည်း စိတ်ချရမယ် ငါ့ကိုချစ်ရင်ပျော်အောင်နေ ချစ်တယ်Jen//(23.4.2005ခုနစ်အဲ့နေတုန်းက အရုပ်လေးပိုက်ပြီးဝမ်းနည်းနေခဲ့တဲ့ ကောင်လေးတစ်ယောက် ကျွန်တော်ကပဲသနားတာနဲ့ စကားအရင်သွားပြောခဲ့တယ် အဲ့ကောင်လေးကြည့်ရတာကျွန်တော်နဲ့အသက်တူတူလောက်ပဲရှိပုံရတယ်)
"ရော့ မင်းအတွက်
"ဟင် ဟုတ်(မျက်ရည်လေးအရွဲသားနဲ့ ကျွန်တော်ပေးတဲ့ သကြားလုံးလေးကိုလှမ်းယူနေတဲ့ ထိုကောင်လေးက ပါးဖောင်းဖောင်းလေးနဲ့တကယ်ချစ်စရာအတိ)
"မင်းနာမည်ဘယ်လိုခေါ်တာလဲ ငါ့နာမည်က နာဂျယ်မင်းတဲ့ ငါတော့မသိဘူး Sisterကြီးပြောပြတာပဲ ငါကဒီဂေဟာကို အသက်1နှစ်မပြည့်ခင်ထဲကရောက်တာတဲ့"
" အီ ဂျဲ ဟင့် နို အီဂျဲနို လို့ခေါ်တယ် ငါဒီမှာမနေချင်ဘူး အိမ်ပြန်ချင်တယ် ဟင့်
"အိုက်ဂူး မငိုရဘူးလေ အီဂျဲနိုရဲ့ မင်းအနားမှာငါကသူငယ်ချင်းအဖြစ်နဲ့တစ်သတ်လုံးရှိနေပေးမယ် မငိုနဲ့တော့နော်
"ကတိနော် နာဂျယ်မင်း
"အွန်း ကတိ"
ဘာမှမသိပဲဖြူစင်တဲ့ကလေးအရွယ်ထဲက အနားနားမှာအတူတူရှိနေပေးကြမယ်ဆိုတဲ့ အဲ့ကတိလေးက တည်နိုင်ပါ့မလား
"ဂျဲနို မင်းမွေးနေ့ရော ဘယ်နေ့လဲ
"ဒီနေ့
"နေပါအုံး ဒီနေ့ဘယ်နှစ်ရက်နေ့ပါလဲ
(ခေါင်းလေးမော့ပြီး လက်လေးတစ်ချောင်းထောင်နေပြီး စဉ်းစားနေတဲ့ဂျယ်မင်းကိုကြည့်ပြီး ဂျဲနိုကရယ်နေလေရဲ့)
"ဒီနေ့က 23.4.2005 လေ ဂျယ်မင်းရဲ့
"အာ ဟုတ်သားပဲ ငါမေ့သွားတာဟီး