စုန့်ယန်ရုတ်တရက် သတိဝင်လာပြီး ရှလင်အား
အသေအချာ ကြည့်ပြီး မေးလာတယ်။

"မင်းကလည်း သေချာလှချည်လား ?"

"ငါတကယ်ပြောနေတာ "

ရှလင် ပြောလိုက်တယ်။

"အရင်ဘဝတုန်းက ငါဒီကိုတခါရောက်ဖူးတယ်"

စုန့်ယန်ရဲ့ အမူအယာကချက်ခြင်းပင်ပြောင်းလဲသွားတယ်။

"မင်း မြေပြိုတာ ကြုံခဲ့ရတာလား ?
မင်းအထဲမှာ ပိတ်မိနေခဲ့သေးလား ?"

"တစ်ရက်နဲ့ တစ်ညတိတိ ပိတ်မိနေခဲ့တာ"

"ဒီလောက် သေရေးရှင်ရေးနဲ့ဆိုင်တဲ့
ပြဿနာကြီး တစ် ခုကို ငါဘာလို့
မသိခဲ့ရတာလဲ ?"

ရှလင် ပြုံးလိုက် မိတယ် ..ထို အပြုံးတို့က
ခါးသီးမှုတွေနဲ့အတူ နှုတ်ခမ်းထောင့်တစ်နေရာက
တွန့်ကွေးစွာဖြင့် ရှိနေတယ်။

"ငါမင်းကို ပြောပြခဲ့ဖူးပါတယ်,ဒါပေမယ့်
အဲ့ဒီအချိန် တုန်းက မင်းငါ့စကားတွေကို
နားမထောင်ခဲ့ဘူးလေ"

"ဘယ်လို လုပ်ဖြစ်နိုင်မှာလဲ ? မင်းငါ့ကို
ဘယ်ချိန်တုန်းက ပြောခဲ့တာလဲ ? ငါဘယ်လောက်တောင် ရှုပ်ထွေးနေခဲ့လို့ ,ငါမသိခဲ့ရတာလဲ "

"အရင်ဘဝက ဒီလပိုင်း ဒီအချိန်လောက်ဘဲလေ ၊ငါမင်းကို ပြောခဲ့တယ်,မင်းမမှတ်မိတော့ဘူးမလား ?'

စုန့်ယန်မျက်မှောင်ကြုတ်ပြီး အသေအချာပင်
ပြန်စဉ်းစားနေမိတယ်။

"ထားလိုက်တော့ ..မင်းလည်းမမှတ်မိလောက်တော့ဘူး"

"အရင်ဘဝတုန်းက ငါ တက္ကသိုလ်ကနေ
ဘွဲ့ရပြီးတဲ့နောက် ဘာတွေဖြစ်ခဲ့တာလဲ ?
ငါဒါတွေကို ဘာမှမမှတ်မိတော့ဘူး၊မင်းငါ့ကို
အရိပ်အမြွက်လေးတောင်ပြန်ပြီးပြောမပြနိုင်ဘူးလား ?"

"အဲ့ဒီအချိန်တုန်းက ငါမင်းကိုဖုန်းခေါ်သေးတယ်၊မင်းဖုန်းကိုတော့ ချက်ခြင်း ကိုင်ခဲ့ပါတယ်၊ငါဘွဲ့ယူပြီး ဘာလို့
အိမ်ပြန်မလာသေးတာလဲလို့ မင်းငါ့ကို မေးတယ်။
ငါ ကျီးလင်ကို ရောက်နေပြီး မြေပြိုတဲ့အထဲ ပိတ်မိနေတာ မို့ မင်းကို ငါအကူအညီတောင်းတယ်၊မင်း ငါ့ ဖုန်းသံကို နားထောင်နေရင်း မင်းဘေးမှာလည်း ဆူညံနေတယ်၊မင်းက ငါ့စကားကို ဆက်နားမထောင်ဘဲ ယွီလော့တုန်
ဟင်းချက်နေရာမှအပူလွန်ကဲမှုဖြစ်လို့ ဆိုပြီး
မင်းငါ့ဖုန်းကို အလောတကြီး နဲ့ချလိုက်တယ်"

နောင်ဘဝတွေထိမင်းနဲ့ထပ်မဆုံချင်တော့ဘူး(Complete)Tempat cerita menjadi hidup. Temukan sekarang