သက်ပြင်းလေးချ ဖုန်းကို ပိတ်ပြီး လရောင်ဖြာကျနေတဲ့ ပြတင်းပေါက်နားက ခုံမှာ သွားထိုင်နေမိတယ်။
'' မောင် ကျွန်တော့်ကို မချစ်ဘူး ''
တစ်ကိုယ်ရည်ကြားရုံလေး ရေရွတ်မိတော့ ရှုိက်သံမဲ့နေတဲ့ငိုခြင်း မျက်ရည်က ပါးပြင်ပေါ်ကနေ ပူပူနွေးနွေး လှိမ့်ဆင်းသွားသည်။
..............
'' ပုံလေး အပ်ချင် လို့ '' ဆိုသည့် စာသားလေးတစ်ကြောင်းနှင့် မောင့်အနား ချဥ်းကပ်ခဲ့သည်။ မောင့်အနားရောက်ဖို့ကလွယ်ခဲ့သား။ မောင်က Artist မို့ ပုံအပ်ရင် မောင်နဲ့သေချာပေါက်နီးမှာပင်။
သို့သော် ကျွန်တော် မတွေးမိခဲ့တာက မောင့်အနားရောက်ဖို့လွယ်သလောက် မောင့်အနားကထွက်သွားဖို့က ခက်ခဲလိမ့်မည်ဆိုတာပင်။
မောင်က သိပ်ကို အားငယ်တတ်သည်။ စိတ်မာချင်ယောင်ဆောင်နေတတ်တဲ့မောင်ဟာ တကယ်ဆို သိပ်ကို အားငယ်တတ်ကာ စိတ်ပျော့သူတစ်ယောက်ဖြစ်နေခဲ့သည်။
မောင့်ကို အရိပ်တကြည့်ကြည့် ကြည့်လာခဲ့ပြီး မောင့်စိတ်ဓာတ်တွေ လုံးလုံးကျနေချိန်မှာ မောင့်အနားမှာကျွန်တော်နေဖို့ဆုံးဖြတ်ခဲ့သည်။
တိတိကျကျဆို မောင့်မွေးနေ့မရောက်မှီ ဆယ်ရက်အလိုဖြစ်သည်။ မွေးနေ့နီးလေ စိတ်ရှုပ်စရာတွေပိုတွေ့ရလေ့ရှိတာ သဘာဝလိုဖြစ်နေတတ်တာမို့ ထိုအချိန်တွင် မောင့်အနားနေပေးချင်ခဲ့သည်။
မွေးနေ့တိုင်း စိတ်ဆင်းရဲစရာတွေပဲကြုံနေရသည်ဆိုသော မောင့် မိုင်ဒေးတစ်ခုကြောင့် သည်နှစ်မွေးနေ့ကိုတော့ မောင့်ကို ေပျာ်စေချင်ခဲ့သည်။
ပထမအစီအစဥ်တိုင်းဆို မောင့်မွေးနေ့ပြီးရင် မောင့်အနားက တဖြည်းဖြည်း ပြန်ထွက်လာမယ်ပေါ့။...သိူ့သော်....
အဲ့သည့် ဇွန်လပထမအပတ်တွေမှာမောင့်ကို စိတ်ခွန်အားတွေ အတတ်နိုင်ဆုံးပေးခဲ့သည်။ ညတိုင်း ညဥ့်နက်တဲ့အထိ စကားတွေပြောရင်း ရယ်မောနေတတ်ခဲ့ကြသည်။
မောင့်ရဲ့ ဝမ်းနည်းစရာအကြောင်းတွေရောက်လာတိုင်း စကားလမ်းကြောင်းကို ကြုံသလိုလှည့်ကာ မောင့်ကို စိတ်ဖြေပေးခဲ့သည်။ ကျွန်တော်ရှိနေစဥ်တော့ မောင့်အနေနဲ့ ဒီ ရင်လေးစရာတွေကို တွေးစရာမလိုပေ။
![](https://img.wattpad.com/cover/321203809-288-k559554.jpg)
Part - 1
Start from the beginning