"စမယ်...."

"ဟူး"

ဒီတစ်ခါတော့သေချာလုပ်မှ။ အင်းလေ ဘာမလုပ်နိုင်စရာရှိလဲ။ တစ်ချိန်ကသူနဲ့ကိုယ်နဲ့က ဒီလိုစကားတွေအများကြီးပြောခဲ့ဖူးတာပဲ။ ပြောလိုက်တဲ့စကားတွေ ကြည့်ရမယ့်အကြည့်တွေ ထိတွေ့ရမယ့်အထိအတွေ့တွေက ရည်းစားဟောင်းအချင်းချင်း စိတ်အချင်းချင်း ပြန်လည်ယှက်နွယ်နေကြလို့မှ မဟုတ်တာ။
အားလုံးက သရုပ်ဆောင်ပီပြင်ဖို့ဆိုသည့်ခေါင်းစဥ်အောက်မှာသာရှိတာမို့ သူများတွေးမှာမပူနဲ့။
ကိုယ့်ဘာသာသာအာရုံထား။

သက်ထင်နည်းလမ်းအဆင်ပြေသည်။ ဒီတစ်ခါ တစ်ကတ်ထဲနှင့်ပြီးသွားသည်။ ဖက်လှဲတကင်းနေရတဲ့အခန်းကိုရိုက်ရသည်မို့ အသားချင်းနစ်ဝင်နေအောင်ဖက်ထားရသည့်အထိအတွေ့များသည် သက်ထင်ကိုယ်ပေါ် ခါးသီးစွာကျန်ခဲ့သည်။

ရောင်စဥ့်ဘက်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်လို အခေါ်အပြောလောက်တော့ရှိသည်။ အဲ့တာကို သက်ထင်ဘဝင်မကျနေတာ။ သူ့ဘက်က ဘာလို့အေးဆေးဖြစ်နေရတာလဲဆိုတာ တွေးမရ။ အဲ့လောက်နာမည်မက်တဲ့သူက သူ့ထက်ပိုအောင်မြင်နေတဲ့ကိုယ့်ကိုယ် ဘာကြောင့် စိတ်ဝင်စားယောင်တောင်မပြရတာလဲ။

သက်ထင်ကပြန်ချေပြချင်တာ။ သူ့ကိုမှီနေရသလို အချိုးမျိုးချိုးခဲ့တာခံရဖူးလို့ ကိုယ့်ကိုကပ်ပြီးနာမည်ကြီးအောင်လုပ်တယ်ဆိုတဲ့ အချိုးမျိုးနဲ့ ပြန်ကြည့်ချင်တာ။ သူ့ကြောင့်မဟုတ်ဘဲ ကိုယ်ဒီအနေအထားထိရောက်လာခဲ့တဲ့အခါ သူ့မျက်လုံးထဲကနေ ကိုယ့်အပေါ်အကြည့်တွေပြောင်းလဲသွားပြီး အရေးတယူလုပ်လာမယ်လို့ထင်ခဲ့တာ။

ခုတော့ဒီအချိုးကဒီအချိုးပဲ။
မရဘူး အဲ့လိုလုပ်လို့မရဘူး။ ငါ့ကိုအာရုံစိုက်ကိုစိုက်ရမယ်။

.........

"သား ရိုက်ကွင်းအဆင်ပြေလား"

"ပြေပါတယ် မာမီ"

မာမီတို့ကပြုံးစိစိ။ သူပြောတဲ့အထဲ ပြုံးစရာလည်းမပါပါပဲ။

"ရောင်စဥ်လေးနဲ့ပြန်တွေ့ရတော့ ​အဆင်ကိုပြေနေတာပဲနော်။ မာမီကတော့ တွဲမြင်ရတာသဘောကျပါ့"

IDOLWhere stories live. Discover now