"သက်ထင်နှင့်ရောင်စဥ်တို့၏ ပြန်လည်ပေါင်းစည်မှု"ဟူသည့် အနှောင့်အသွားမလွတ်သည့် သတင်းအောက်မှာ ဇာတ်ကားကအလိုလို အာရုံစိုက်မှုရသွားသည်။ ရုပ်ရှင်ရဲ့ပရိုမိုးရှင်းတစ်ခုအနေနဲ့ နှစ်ယောက်သား၏ဆက်ဆံရေးအဟောင်းကို ခုတုံးလုပ်လာခဲ့ကြသည်။

သက်ထင်အနေနဲ့ အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲထားရမှာမလား။ ခွဲတော့ခွဲနိုင်တယ်ထင်ခဲ့ပါရဲ့။ တကယ်တမ်းလည်း ရုပ်ရှင်အတွက်အချိန်ဇယားကျလာခဲ့ရာ ဒါရိုက်တာကလည်း မြန်မာ့နာမည်ကြီးဒါရိုက်တာမို့ ရိုက်ကူးရေးမစခင်သုံးရက်လောက် အနီးကပ် အရင် train သေး၏။

ဇာတ်လမ်းက အစပိုင်းမှာရိုမန့်ကနေ အခါးတွေလာပြီးမှ ပြန်ပေါင်းရတဲ့ဇာတ်လမ်း။ ရိုမန့်တစ်ချို့အခန်းတွေဆို သက်ထင်တို့ရည်းစားဖြစ်ခဲ့စဥ်တုန်းက အချိန်တွေပြောစကားတွေနဲ့တစ်ထပ်တည်းပဲ။ လမ်းခွဲပြီးကာမှ ချစ်သူအစစ်တွေလိုပြန်နေရသလိုခံစားရသည်။

"ကို ကောင်းကောင်းလုပ်နော်"

"အင်းပါ ကိုယ့်ကို တစ်မျိုးမထင်နဲ့နော်"

"ဟော မထင်ပါဘူးဆို"

ညီညီ့ဘက်ကဖုန်းချသွားမှ သက်ထင်နဲ့မလှမ်းမကမ်းမှာထိုင်နေတဲ့ ရောင်စဥ်ကိုလှမ်းကြည့်လိုက်သည်။ အေးအေးဆေးဆေးနဲ့ သူ့ဇာတ်ညွှန်းသူဖတ်နေသည်။ ရိုက်ကွင်းပေါ်လည်း ဇာတ်ကောင်အဖြစ် အပြည့်အဝလုပ်နိုင်သည်။ ချွဲနိုင် ဆိုးနိုင် ချစ်နိုင်သည်။ ချစ်သူဟောင်းဆိုပြီး အနေတန့်နေတာမျိုးမရှိ။ သမ္ဘာနဲ့ဝါလို့လို့ပြောရအောင်လည်း နုနုလေးရှိသေးတာ။

သက်ထင်ကသာ သက်ထင်တစ်ယောက်တည်း စိတ်အခန့်မသင့်ဖြစ်နေတာ။ ချစ်ရကြိုက်ရမယ့်အခန်းဆို သက်ထင်အလိုလိုမုဒ်ပျက်သွားသည်။ Netflix ထိရောက်ထားတဲ့ နာမည်ကြီးမင်းသားကြောင့်ပဲ ရိုက်ကွင်းကအတော်ကြန့်ကြာနေတာဆိုတာမျိုးတွေကို နားကသာမကြားရတယ် မျက်လုံးနဲ့တော့မြင်နေရသည်။

ညီညီနဲ့တုန်းက စိတ်နဲ့ကိုယ်နဲ့အစေးကပ်ပြီး ကိုယ်ကိုယ်တိုင် ကတက်ကြွနေသည်။ တကယ်ဆိုရောင်စဥ့်လိုမျိုး ဘာမှမဆိုင်တော့တဲ့လူလို အေးဆေးနေပြနေရမှာကို သက်ထင်ကိုကမအေးဆေးနေတော့ ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲမိတာလည်းအကြိမ်ကြိမ်။ သူ့ချစ်သူ ညီညီကတော့ သက်ထင်အပေါ်တစိုးတစိတောင် သဝန်တိုဟန်မပြ။ အလုပ်ကအလုပ်ပဲမို့လို့တဲ့ အကုန်ခွင့်ပြုထားတယ်တဲ့လေ။ အဲ့စကားကိုကြားထားရတာတောင် ကိုယ့်မှာစိတ်ချလက်ချမလုပ်နိုင်ဘူး။

IDOLWhere stories live. Discover now