" သွားတော့ "

ရှလင်က သူ့မျက်နှာကိုလှည့်ပြီးနာကြည်းစွာဖြင့် ပြောလာခဲ့သည်။

" အခုချိန်ကစပြီး ,မင်းနဲ့ပတ်သက်ပြီး
ငါ့မှာဘာမှပြောစရာမရှိတော့ဘူး ၊
မင်းငါ့ကို တောင်းပန်ဖို့လဲမလိုတော့ဘူး ...
ဘာလို့လဲဆိုတော့ ...ငါလည်းမင်းကို လွတ်လပ်ခွင့်ပြုလိုက်ပြီ...ပြီးတော့
ငါလည်း လွတ်လပ်သွားပြီ ....."

စုန့်ယန် ၏ရှလင်နှင့် တွေ့ဆုံမှုက ဤတွင်
အဆုံးသတ်ခဲ့ပြီဖြစ်လျက် စည်းရုံးမှုတွင်လည်း ရှုံးနိမ်မှုဖြင့် နိတ္ထိတံချေပြီ။

ရှလင်၏အိပ်ခန်းထဲမှ နှင်ထုတ်ခံရသည့်တိုင်,
စုန့်ယန်ကတော့ ထွက်မသွားခဲ့ဘူး။
သူက ညဘက်အချိန်၌ ရှအိမ်၏ဧည့်ခန်းဆောင် ဆိုဖာတွင်သာအိပ်ပြီး ရှအိမ်မှသူ့အား နှင်မထုတ်စေရန်အတွက် လိမ္မာပါးနပ်စွာဖြင့်
ကုတ်ကပ်ကာနေထိုင်ခဲ့သည်။

ရှလင်ကလည်း မကြည်ဖြူသည့်အပြင် ,
ရောဂါအား ကုသရန်လည်း မစည်းရုံးနိုင်သည်မို့ , ရှလျန်က စုန့်ယန်၏မျက်လုံးများဆီသို့ တန်ဖိုးမရှိအသုံးမတည့်သည့်
ပစ္စည်းတစ်ခုကဲ့သို့သောလူတစ်ယောက်
ကဲ့သို့ပင် ကြည့်လာခဲ့သည်။

အခြားသောရှအိမ်အဆက်အနွယ်များကလည်းသူ့အားမရှိသလိုသာသဘောထားခဲ့
ကြသည်။သူ့အား နှင်မထုတ်ခဲ့ကြသလို အသေအချာပင် ဆက်နေပေးဖို့ရာလည်း
မတောင်းဆိုခဲ့ကြဘဲရှိနေခဲ့ကြသည်။

ဒါပေမယ့် စုန့်ယန်လုံးဝ ဂရုမစိုက်ခဲ့ဘူး။

ဒီရက်အတောအတွင်းမှာကိုဘဲ သူ့မျက်နှာက
ရုတ်တရက်ပင် အရေထူလာနေသကဲ့သို့
ရှိနေသည်ကို တွေ့ရသည်။ယခုလိုအချိန်မှာ
သူ့မျက်နှာက နှစ်ဖက် မိသားစုအတွက်
ရောင့်ရဲမှု မရှိနိုင်သကဲ့သို့ ဖြစ်နေခဲ့သည်။
သူက ရှမိသားစုတွင် ခေါင်းမာစွာဖြင့် ဘာကြောင့်များ ဆက်လက်ရှိနေခဲ့ရသည်ဆိုတာကိုလည်း သူ့ကိုယ်သူပင် နားမလည်တော့ဘူး
ဖြစ်နေခဲ့သည်။သို့သော်, သူရှင်းလင်းစွာသိရှိနေသည့် တစ်ခုတည်းသောအရာက
သူ ရှလင်ရှိရာ နေရာဒေသမှလုံးဝပင်ထွက်မသွားနိုင်ခြင်း ဖြစ်သည်။

နောင်ဘဝတွေထိမင်းနဲ့ထပ်မဆုံချင်တော့ဘူး(Complete)Where stories live. Discover now