ခင်ဗျား လုံးဝ အဆုံးသတ်စေရမယ် စောင့်ကြည့်နေလိုက် ...

ဒီလိုနဲ့ တစ်လကျော်ကြာတာတောင် အခြေအနေတိုးတက်မလာခဲ့တဲ့ Renjun ကို ကြည့်ရင်း မိဘဖြစ်သူတွေလည်း ပူဆွေးသောကရောက်နေလေသည်။ Jaemin ကတော့ ရောက်မလာခဲ့တာ ၃ပတ်ကျော်ပြီဖြစ်သည်။

××××××××××××××××Sunbae×××××××××××××××××

တစ်ဖက်တွင်လည်း ....

"ဒီနေ့ဆို Jaem ကိုယ့်ဆီ ပြန်ရောက်လာတာ ၁လတောင် ရှိသွားပြီ။ ကိုယ်လုပ်ခဲ့တာ Jaem ကို ပြန်ပိုင်ဆိုင်ချင်လို့ဆိုတာ သိတယ်မလား'

Jaemin ကို ရင်ခွင်ထဲ ပွေဖက်ရင်း ပြောလာတဲ့သူ့ကို Jaemin ဘာမှမပြောဘဲ ခေါင်းသာညိတ်ပြလိုက်လေသည်။

'အစတည်းက Jaem က ကိုယ့်အပိုင် ဘယ်သူမှ Jaem ကို ပိုင်ဆိုင်ချင်လို့မရဘူး'

Jaemin လည်း ထိုသူ့ ရင်ခွင်ထဲက ရုန်းထွက်လိုက်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။

'ဒါကြောင့်မို့ ကျွန်တော်နဲ့ တွဲနေတုန်း တခြားသူနဲ့ ဖောက်ပြန်ပြီး လက်ထပ်သွားခဲ့တာလား'

Jaemin စကားကို ထိုသူ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေလေသည်။

'အဲ့အမျိုးသမီးက တကယ်ပဲ ကျိန်စာကြောင့် ပျောက်ကွယ်သွားတာလား'

Jaemin မေးတော့ ထိုသူက စူးစူးစိုက်စိုက် ပြန်ကြည့်လာလေသည်။

'ဟုတ်တယ်လေ ဘာဖြစ်လို့လဲ Jaem ... သူ ကိုယ်တို့ကို ထိခိုက်လို့ သူ့အကြောင်းနဲ့သူ ဖြစ်သွားခဲ့တာ'

Jaemin မျက်နှာကို ပြန်လည်ထိတွေ့ရင်း ပြောလာတဲ့ ထိုသူစကားကြောင့် Jaemin ရယ်လိုက်မိသည်။

'ဘာဖြစ်တာလဲ Jaem'

ပြန်မေးလာတဲ့ ထိုသူအ​ဖြေကို အနောက်ဘက်ကို မျက်စပစ်လိုက်သည်။

အနောက်မှာ ကျိန်စာနဲ့ ပျောက်ကွယ်သွားပြီဆိုသော သူမ ရပ်နေတာမြင်တော့ ထိုလူ တုန်လှုပ်စွာ Jaemin ကို ပြန်ကြည့်လေသည်။

'Jaem မင်း ဘာလုပ်'

အရှေ့ဘက် Jaemin ရပ်နေတဲ့ဆီ ပြန်လှည့်ကြည့်ရင်း မေးချိန် Jaemin က သူနဲ့ ဝေးကွာပြီး တံခါးနားမှာ ရပ်နေလေသည်။

Sunbae [JaemRen]Where stories live. Discover now