Buiတောင်ကြည့်မြောက်ကြည့်နဲ့ လှိုင်ခေါင်းတွင်းသို့ဝင်လာခဲ့သည်။တစ်နေရာရောက်တော့ Tongဆိုတဲ့အမျိုးသားက

"အိုက်Nodt ဟိုဘက်က အနီရောင် ရွက်တဲပဲ..."

Nodtက ရွက်တဲဘက်ထွက်သွားတာကြောင့် သူတို့လေးယောက်လုံး လိုက်သွားဖို့ကြံလိုက်ပေမဲ့ Tongဆိုတဲ့ လူက Buiရဲ့ ရင်ဘက်ကို အနည်းငယ်လေးတွန်းကာ

"Khun Khrub ဒီမှာပဲစောင်ပါဦး...သူတို့အရင်ဆွေးနွေးကြပါစေ...လာဒီကိုလာ...."

Tongက Buiရဲ့ လက်ကိုဆွဲကာ ရွက်ဖျင်တဲ တစ်ခုရှေ့မှာရှိနေတဲ့ စာပွဲဆီကို ခေါ်သွားပြီး

"မင်းဘာစားချင်လဲ...ဒီမှာ မင်းကြိုက်တာစားလို့ရတယ်..."

Bui-"တကယ်လား..."

အစားအသောက်နဲ့ပတ်သတ်လာတော့ Buiရဲ့မျက်လုံးတွေက အရောင်တောက်လာသည်။

နာရီအနည်းငယ်လောက်ကြာတဲ့ အထိ Nodtကထွက်မလာသေး။ပင်စိမ်းထမင်းကြော်နှစ်ပွဲလောက်စားပြီးတာတောင် Nodtဆိုတဲ့လူက ရွက်တဲထဲကထွက်မ‌လာသေးတာကြောင့်

"အိုက်Bib..မင်းလူကမဟုတ်သေးပါဘူး...ဘာလို့ ခုထိမထွက်လာသေးတာလဲ...."

Bible-"ငါမသိဘူး...ငါ့ကိုပဲလာရစ်မနေနဲ့..."

Jeff-"ကျွန်တော့်အထင် လိုက်သွားကြည့်ရင်ရော..."

Buiက  Tongဆိုတဲ့လူကို လှမ်းကြည့်လိုက်တော့ မာကျောက်ကစားနေတဲ့ လူအိုကြီးအချို့နဲ့စကားကျကာ ရယ်မောလို့နေသည်။

Bui-"သူ့ကိုလည်း အားကိုးလို့ရမှာမဟုတ်ဘူး..."

Barcodeက သူ့ရဲ့ကျောပိုးအိပ်ကို ပစ်ချကာ

"P'လိုက်သွားကြည့်လိုက်လေ..."

Bui-"ငါသွားမယ်..."

Buiကရွက်ဖျင်တဲရှိရာကို ရုတ်တရက်ထထွက်သွားတာကြောင့်

Jeff-"အိုက်Barcode ဘာလို့သူ့ကိုမြှောက်ပေးလိုက်တာလဲ..."

"Oww...သူသွားချင်နေတာပဲဟာ..."

Bibleက sniperကို ပစ်ချပြီး Buiနောက်ကို လိုက်သွားသည်။

*_____*_____*_____*

Buiတဲထဲကို ရောက်တော့ စူးရှတဲ့အမွှေးနံ့ပြင်းပြင်းက နှားခေါင်းဝကို တိုးဝင်လာတာကြောင့် နှာချေ‌မိသည်။သူက နှာခေါင်းကို ပွတ်သပ်ရင်း

BEASTS  ( complete)Where stories live. Discover now