ပြီးတော့မှ ခရမ်းရောင်ခွက်လေးကို ထပ်ယူသောက်လိုက််တယ်။ ခွက်အလွတ်နှစ်ခွက်ကို ဘေးတိုးလိုက်ပြီး ဆည်းဆာရောင်သန်းနေတဲ့ Gin orange လေးကို အရှေ့ကိုယူထုတ်လိုက်တယ်။
နောက်ပြီး ကလေးမလေးက သံပရာသီးကို လာချပေးတယ်။
'' အယ် ကလေးမ ဘာလို့ မစိတ်ပေးလာတာလဲ ''
ခါတိုင်း သံပရာသီးတွေကို စိတ်ပေးနေကျ ခုမှ အလုံးလိုက် လာချပေးနေသည် ။
'' ဟို...အဲ့ဒါ ''
'' ကိုယ်စိတ်ပေးမယ် ''
ဓားတစ်ချောင်းကိုင်ပြီး ရှေ့မျက်နှာချင်းဆိုင်မှာ လာထိုင်တဲ့ အမျိူးသားတစ်ယောက်။ သူ့ခန္ဓာကိုယ် အရိပ်က အရှေ့က ထိုးနေတဲ့ နေရောင်ကြောင့် ကျွန်တော့်အပေါ် အေးခနဲ ဖြာကျလာတယ်။
လေးထောင့်ဆန်ဆန် မျက်မှန်ကိုင်းတွေရဲ့အလယ်မှာ စူးရှနေသည့် မျက်ဝန်းတစ်စုံ။ ရေးရေးလေးတွေ စိမ်းနေတဲ့ ထိုလူကြီးနှုတ်ခမ်းပေါ်က နှုတ်ခမ်းမွေး ပေါက်စ။ အသားဖြူတဲ့ ထိုလူကြီး နှုတ်ခမ်းတွေက ပါးလျပ်ပြီး နီရဲကာ သိပ်ကိုလှတယ်။
ပြောင်ချောနေတဲ့ နဖူးထင်းထင်းအထက်မှာ အနက်ရောင်ဆံပင်တို့က သေသေသပ်သပ်။ မျက်မှန်ကိုင်းကို ပင့်တင်လိုက်တဲ့ လက်တစ်ဖက်က လက်ချောင်းလေးတွေက ယောကျာ်း ဆန်ဆန် သွယ်နေလိုက်တာများ....မနာလိုစရာ။
'' အဟမ်း....''
တစ်ချက် သတိပေးသံကတောင် တော်တော် ဆွဲဆောင်မှုရှိတဲ့ အသံမျိူးကို ပိုင်ဆိုင်ထားသည်။
'' စိတ်ပေးရမလား။ ''
ကျွန်တော်လည်း နှစ်ခွက်မြောက်မှာ ရေးတေး ရေးတေးမို့ မသိလိုက်ခင်မှာပဲ ခေါင်းကငြိမ့်မိသွားတယ်။
ွဝတ်ထားတဲ့ ရှပ် လက်ရှည် အညိုရောင်ကို တံတောင်ဆစ်ထိ ခေါက်တင်လိုက်ပြီး သံပရာသီးလေးတွေ စိတ်ကာ ใ
'' ထည့်မှာ မလား ။ ''
ဟော ကျွန်တော် ထပ်ခေါင်းငြိမ့်မိပြန်ပြီ။
သံပရာသီး တစ်လုံးလုံးကို နောက်ဆုံး ခွက်ထဲ ညစ်ထည့်နေရင်း....
Parasol ( Unicode)
Start from the beginning