မဖြစ်နိုင်ဘူး။တစ်ခုခုဖြစ်နေပြီ။ကျနော့်နှလုံးသားနာကျင်နေတယ်။

" Min..."

နှုတ်ခမ်းကနေထွက်သွားမိသည်။
ခွဲစိတ်ခန်းအရှေ့မှ လျှောက်လမ်းဘက်ကို
လှမ်းကြည့်မိသည်။

ရင်ထဲကသေလောက်အောင်နာကျင်နေရသည်။
ထိုအချိန် လျှောက်လမ်းကနေငိုရင်းပြေးသွားသည့် အမျိုးသမီးလေးတစ်ဦး။

" Chan Hari..."

ခေါင်းထဲတစ်ခုပဲဝင်လာရတော့သည်။
သူမကဘာလို့ ဒီဆေးရုံမှာရှိနေရတာလဲ။
မဟုတ်မှ Min များတစ်ခုခုဖြစ်နေပြီလား။
သူစိတ်ပူတကြီးဖြစ်သွားကာ Hari သွားသည့်နေရာလေးသို့အနောက်ကနေလိုက်သွားသည်။

လူနာဆောင်စီရောက်တာနှင့် သူမကအခန်းလေးတစ်ခန်းထဲပြေးဝင်သွားသည်။

Taehyung ခြေလှမ်းတို့ကလည်း ခပ်သွက်သွက်လေးဖြစ်သွားသည်။
ပွင့်ဟနေသည့်ထိုအခန်းထဲဆရာဝန်တွေ သူနာပြုတွေ ဝင်သွားနေသည်။

ရင်ထဲပိုလို့ နာကျင်လာရသည်။
အခန်းတံခါးဝနားရောက်တော့ ခြေလှမ်းတို့ကရပ်တန့်သွားသည်။

ငိုနေသည့် Hari သူမဘေးတွင် ဆရာဝန်တွေရှိနေသည်။
ကုတင်ပေါ်မှာလှဲလှောင်းနေသည့် သူကိုသေချာမတွေ့ရ။

ထိုအချိန်ဆရာဝန်တစ်ဦးမှာ သက်ပြင်းချကာ
သူ့လက်ပတ်နာရီလေးကိုကြည့်ရင်း...

" သေဆုံးသူ Min Yoongi...သေဆုံးချိန်...ညရှစ်နာရီတိတိ စက္ကန့်နှစ််ဆယ်...Oct 10..."

ထိုအသံအဆုံး Hari ငိုသံလေးကပိုကျယ်လောင်လာရသည်။

ကျနော်နှလုံးသားလေးက ရပ်တန့်သွားရတော့မည့်အလား။

Taehyung နှုတ်ခမ်းတွေတုန်ရီလာသည်။
မျက်ရည်တွေလည်း အလိုလိုကျဆင်းလာသည်။
ခြေလှမ်းလေးလှမ်းလိုက်ကာ...

"Min!..."

အခန်းထဲပြေးဝင်ကာခြုံထားသည့် စောင်ကို ဆွဲဖယ်လေသည်။ဆရာဝန်တွေတားနေပေမဲ့မရခဲ့။

စောင်လေးလပ်သွားသည်နှင့် Yoongi မျက်နှာလေးကို Taehyung တွေ့လိုက်ရသည်။
သူခြေတွေပင်မခိုင်ချင်တော့ချေ။
ကုတင်ထက် မျက်ဝန်းတွေမှိတ်ထားသူက သူအရမ်းကိုမြတ်နိုးရသူပင်။

ဦးငယ်~(Completed)Where stories live. Discover now