" ဒါပေမဲ့ ဘာဖြစ်လို့လဲ ဆရာ..."
" လူနာက အမြင်အာရုံဆုံးရှုံးဖို့ ရာခိုင်နှုန်းများတယ်...နောက်ပြီး ကိုယ်ခန္ဓာကအာရုံကြောသွေးကြောမကို ထိခိုက်သွားတာမို့လို့အတိတ်မေ့သွားတတ်တာမျိုးလည်းဖြစ်နိုင်တယ်..."
" ခ...ခင်ဗျာ..."
" ဒုတိယတစ်ချက်ကတော့ သူပြန်သတိရလာမှအတိအကျသိနိုင်မှာပါ...ကျနော်တို့ဘက်ကအကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားထားတာမို့လို့ အသက်အန္တာရာယ်အတွက်ကတော့လုံးဝအာမခံနိုင်ပါတယ်..."
ဘယ်လိုတွေဖြစ်သွားရတာလဲ။
ကျနော့်တကယ်ကို မွန်းကြပ်လာသည်။
မောင့်အခြေအနေက အသက်သာမသေတာ
ခံစားရတာတွေက များနေပြီ။" ဒါဆိုမောင်က အမြင်အာရုံဆုံးရှုံးရုံတင်မဟုတ်ဘဲ အတိတ်ပါမေ့နိုင်တယ်ဆိုတဲ့သဘောပေါ့..."
" ဟုတ်ပါတယ် ခင်ဗျာ့...လူနာကို ICU ထဲခနထည့်ထားရပါလိမ့်မယ်...အသက်အန္တာရာယ် မရှိပေမဲ့ ဦးနှောက်ခွဲစိတ်ထားတာဆိုတော့ လိုရမယ်ရပါ..."
Taehyung စကားပင်ပြန်မပြောနိုင်တော့ချေ။
ခေါင်းလေးသာငြိမ့်ပြလိုက်သည်။
ထိုတော့ဆရာဝန်ကာ သူ့ပခုံးလေးကိုထိသွားကာ
စိတ်မကောင်းဖြစ်စွာဖြင့် ထွက်သွားသည်။ကျနော်ဘာဆက်လုပ်ရတော့မလဲ။
အမြဲတမ်းပြုံးရယ်နေတတ်တဲ့ ကလေးငယ်ကအခု ကျနော့်ကိုပါမေ့သွားတော့မည်။ဦးငယ်ဆိုပြီး ကျနော့်မျက်နှာလေးကို ဘေးကနေအမြဲတမ်းသေချာလိုက်ကြည့်နေတတ်တဲ့ မောင်။
အခုကျနော့်မျက်နှာလေးကို မောင်မြင်ခွင့်မရှိတော့ဘူး။ခံပြင်းလွန်းသည်။အရမ်းကို လည်ပင်နားစိုနင့်နေရတယ်။ရင်ဘတ်ထဲအရမ်းနေရခက်နေတယ်။
တနေရာရာကအသေအလဲနာကျင်နေရသည်။Taehyung သူ့ရင်ဘတ်လေးကိုဖိကိုင်ထားသည်။
နာနေတယ်။ရင်ဘတ်ထဲကအရမ်းကို နာနေတယ်။
ဘယ်လိုခံစားချက်တွေ။ခံစားချက်။အခု...ကျနော့်နှလုံးသားက ခံစားနာကျင်နေရတာလား။မောင့်အတွက်လေ။
တောက်လျှောက်ငိုနေခဲ့တဲ့ ဒီမျက်ရည်စက်တွေကလည်း မောင့်အပေါ်ခံစားချက်တွေရှိနေလို့ပေါ့။
YOU ARE READING
ဦးငယ်~(Completed)
Part-38
Start from the beginning