ယွန်ဂီနဲ့သူ့ကြားကို ဟိုဆော့က ဝင်လာတော့ ဆော့ဂျင် လှည့်ကြည့်လိုက်သည်။

" မှတ်မိနေသားပဲ ဟို-ah ... မဆိုးဘူး ဉာဏ်ကောင်းလာပြီ "

မင်ယွန်ဂီက ဟိုဆော့စကားကို ပြန်နောက်သည်။ သူကတော့ ပြုံးသာပြုံးရင်း နားနေခန်းဆီ သုံးယောက်သားအတူတူလျှောက်လာတော့သည်။ တကယ်တော့ ကင်ဆော့ဂျင်ဆိုတဲ့သူရယ် မင်ယွန်ဂီရယ် ဂျောင်ဟိုဆော့ရယ်က တောင်ကိုးရီးယားရဲ့ အအောင်မြင်ဆုံးHip-Hop Groupရဲ့အဖွဲ့ဝင်သုံးယောက်ပါ။ IDOLတွေရဲ့ရွှေခေတ်မှာ Rapရွတ်ပြီး ဆယ်စုနှစ်တစ်ခုအထိ အောင်မြင်လာတဲ့ နာမည်ကြီးအဖွဲ့တစ်ဖွဲ့ဆိုရင်လဲမမှား ။ အစပိုင်းတော့ ခက်ခဲရုန်းကန်ခဲ့ရပေမဲ့ ဒီနောက်ပိုင်းမှာတော့အစစအရာရာဟာ ပန်းခင်းလမ်းပင်။

" အို!! ဂျောင်ဂု ... ဒီတစ်ခါလဲ ဂျောင်ဂုလာတာလား .... ပြောတော့ အော်ဒါရှိတယ်ဆို "

ပြုံးရယ်ကာ အခန်းထဲဝင်လာတဲ့သူ့မျက်နှာဟာ မင်ယွန်ဂီစကားကြောင့် အေးခဲသွားရသည်။ ချက်ချင်းပဲ နားနေခန်းထဲမှာ အခန့်သားထိုင်နေတဲ့ ကောင်လေးကို ဆွဲထုတ်သွားချင်စိတ် တဖွားဖွား။ ထိုကောင်ငယ်လေးကတော့ ကလေးလေးတစ်ယောက်လို ပကတိကြည်လင်နေတဲ့မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ သူတို့သုံးယောက်ဆီ လှည့်ကြည့်သည်။

ဂျွန်ဂျောင်ဂု!! ဘာလာလုပ်ပြန်တာလဲ ... မလာပါနဲ့ လို့အတန်တန်တားခဲ့တဲ့ကြားကနေ ...

ဆော့ဂျင်မျက်နှာအေးခဲသွားသလောက် ထိုင်နေတဲ့ဂျောင်ဂုကတော့ မျက်ခွံအိအိတွေပေါ်အောင်ပြုံးသည်။ ဂျောင်ဂုအပြုံးကို မြင်လိုက်ရတာ အရာရာနူးညံ့သွားပေမယ့် အဲ့ဒီ့နူးညံ့သွားတဲ့အရာမှန်သမျှ ကင်ဆော့ဂျင်ဆိုတဲ့သူက ဖျက်ဆီးပစ်ချင်သည်။ ဂျွန်ဂျောင်ဂုရဲ့နူးညံ့ခြင်းတွေကို သူတစ်ယောက်တည်းသာ ပိုင်ဆိုင်လိုပါသည်။

" အစ်ကိုယွန်ဂီ့မွေးနေ့မဟုတ်လား .. ကျွန်တော်က လက်ဆောင်နဲ့ကျွန်တော့်လက်ရာအသစ်ကို လာပို့တာပါ "

နွေဦးပုံပြင် ( Jinkook Collection) 【Completed】Donde viven las historias. Descúbrelo ahora