Never (ဘယ်တော့မှ) - Zawgyi 16

Start from the beginning
                                    

"လာ လာ ရိပေါ် လာ ဖုန်းခေါ်သေးတယ် စက်ပိတ်ထားတယ်ဆိုလို့ ဒီလာစောင့်လိုက်တာ အခုမှ ၉နာရီခွဲ ဆိုပမယ့် အဝတ်လဲ ထားလိုက်ပါလား အဆင်သင့်ဖြစ်တော့ ကောင်းတာပေါ့"

ရိပေါ် အဝတ်အစားလှဲပြီး ထွက်လာမယ် လုပ်တော့ ရှောင်းကျန့်က ရောက်လာပြီး ရိပေါ်ကို ခဏလေးဖက်ထားလိုက်ပြီး နဖူးလေးကို အနမ်းပေးတာပါ

"ငါ မင်းကိုလာ အားသွင်းပေးတယ် သေသေချာချာလေး စိတ်ကို Relax လုပ် ကျင့်ထားသမျှ Slow Motionလေးနဲ့ စိတ်ထဲ ပြန်မြင်ကြည့်ထား တွေးထား လေ့ကျင့်တယ်လို့ပဲ သဘောထား OK"

"OK သွားပြီ ပြီးရင်တော့ ပြောထားတာ မမေ့နဲ့နော်"

"မမေ့ဘူး လုံးဝ မမေ့ဘူး"

Clubတွင်း ပြိုင်ပွဲဆိုပေမယ့် သူ့သူငယ်ချင်း ကိုယ့်သူငယ်ချင်းတွေပါ ခေါ်ပြီး အားပေးကြတာရယ် ပြီးတော့ ဒီနေ့က ရိပေါ်တို့လို လက်ရည်စမ်းပြိုင်ပွဲ လေးခုတောင်မို့ ခါတိုင်းထက် Clubမှာ လူပိုများပါတယ် Agency နဲ့ စာချုပ်ချုပ်ဖို့ ပြောထားတဲ့သူတွေလည်းပါတာအပြင် Agencyတွေကလည်း လက်ရည်မြှင့်တဲ့သူအသစ်တွေကို Trainee အနေနဲ့ခေါ်ချင်ကြတာမို့ Agencyတချို့လည်း ရောက်နေကြတာပါ
စည်စည်ကားကားလေး ဖြစ်သွားတာပေါ့

ရိပေါ် နဲ့ ကျန်းဖေးရှီးက ပထမဆုံးပွဲစဉ်ပါ

စင်ပေါ် ရောက်ပြီး ဒိုင်လူကြီးက လက်ဆွဲနှုတ်ဆက်ခိုင်းပြီး လူခွဲပြီး ခဏနေတာနဲ့ ပြိုင်ဘက် ကျန်းဖေးရှီးက အရှိန်ယူတာမျိုး မရှိဘဲ တန်းပြီး အလစ်ထိုး လိုက်တာမို့ ရိပေါ် နည်းနည်းထိသွားတာပါ တော်သေးတာ လက်ဝင်လာတာကို ဆတ်ခနဲ မြင်လိုက်တာမို့ နည်းနည်းရှောင်လိုက်နိုင်တာကြောင့် ပါးကို ပဲ ထိသွားတာ

ပြိုင်ဘက်က မလွယ်ကြောပဲ သူက လက်သီးအားသာတဲ့လူ ဖြစ်ရမယ် ထိုးတာကို အားထားတဲ့ ပြိုင်ဘက်မို့ လေ့ကျင့်ထားတဲ့ တိုက်ကွက်က မကြာခင်ဘဲ ထုတ်သုံးလို့ ရနိုင်တယ်လို့တွေးတုန်း ပြိုင်ဘက်က နောက်ထပ် လက်သီးနဲ့  တည့်တည့်ကြီး ထိုးချလိုက်တာမို့ လေ့ကျင့်ထားတဲ့အတိုင်း ခါးကို ရုတ်တရက် ချိုးချပြီး ဒူးနဲ့တိုက်ချလိုက်တော့ ပြိုင်ဘက်ကနောက်လှန်ကျလာတဲ့အချိန်မှာ တံတောင်နဲ့ပင့် ရိုက်လိုက်တာ ပြိုင်ဘက် ဗိုင်းကနဲ လဲသွားတာပါ သတိမလစ်ပေမယ့် သေချာတယ် ပြန်မထနိုင်လောက်ဘူး ကျင့်တုန်းက Brickကွဲအောင် ကျင့်ထားတဲ့အားထက် ပိုပြီးအားစိုက်ထားတာလေ

NeverWhere stories live. Discover now