" ဟုတ် ဦးငယ်..."

မျက်နှာလေးညိုးကျသွားကာ ကုတင်ပေါ်မှအမြန်ထရင်း တံခါးနားကိုသွားလေသည်။

" ခန..."

ခြေလှမ်းတို့က ရပ်တန့်သွားသည်။
ချက်ချင်းပင် လှည့်ကြည့်လာသည်။

" မနက်စာပြင်ထားတယ်...ရေချိုးပြင်ဆင်ပြီးရင်
မီးဖိုခန်းထဲလာခဲ့...ငါစောင့်နေမယ်..."

" မောင့်အတွက်ပြင်ဆင်ပေးထားတာလား..."

" မင်းအတွက်သီးသန့်ပြင်ဆင်တာတော့ မဟုတ်ဘူး...ငါ့အတွက်ပြင်ရင်းနဲ့ ကြုံလို့..."

Taehyung စောင်လေးတွေကို သေချာပြန်ခေါက်ရင်း​ ပေါ့ပေါ့ပျက်ပျက်ပြောနေပေမဲ့ Jungkook ရင်ထဲနွေးခနဲဖြစ်သွားစေသည်။

အချိန်တွေအကြာကြီးနေမှ သူ့အတွက်ပထမဆုံး
ပြင်ဆင်ပေးသည့်မနက်စားလေးက ချစ်ရသူရဲ့လက်ကလေးနဲ့ဖြစ်နေတာကြောင့်ပင်။

" မောင် အမြန်ပြင်ဆင်လာခဲ့မယ်နော် ဦးငယ်..."

ကလေးတစ်ယောက်လိုပြုံးပျော်ရွှင်သွားကာ
အခန်းထဲကနေထွက်သွားလေသည်။

မင်းအခုလိုပျော်ရွှင်နေရတာက ငါ့ကြောင့်တဲ့လား။
အရင်တုန်းက ငါမင်းအနားကပ်မယ်ဆိုရင် ညအိပ်ချိန်လေးပဲရှိခဲ့တာ။
အချိန်တိုင်း တွန်းဖယ်နေခဲ့တယ်။
ငါမင်းအနားနေချင်တုန်းက ငါ့ကိုမင်းစိတ်ဒဏ်ရာတွေမျိုးစုံပေးသည်။

အင်း...အခုမင်းငါ့နားနေချင်ရင် ပျော်ရွှင်နေရမယ်မထင်လိုက်နဲ့။
မင်းစိတ်ဒဏ်ရာတစ်ခုခုရစေရမယ်။

မနေ့ညက ငါငိုခဲ့တယ်။မင်းကိုမောင်လို့ခေါ်ခဲ့မိတာကလည်း မင်းကိုသနားစိတ်လေးဝင်သွားလို့။
ငါအရမ်းမုန်းတဲ့ နာမ်စားခေါ်ခဲ့မိတာ။

ငိုခဲ့တယ်ဆိုတာကတော့ ကျနော်သူ့ကိုသနားလို့မဟုတ်ဘူး။

Min ရဲ့ရင်ခွင်လေးကိုကျနော်လွမ်းမိလို့ပင်။

မနေ့ညကျနော့်ရင်ခွင်ထဲရှိခဲ့တဲ့သူကကျနော့်ဘဝကို ပျက်သုဥ်းအောင်အကြိမ်ကြိမ်လုပ်ခဲ့တဲ့ အဆိပ်လိုလူစားမျိုးဖြစ်နေလို့။

နာကျင်တယ်ရတယ် Min...
အရမ်းလည်းလွမ်းတယ်။နေရောကောင်းရဲ့လား။
အသဲငယ်ကို လွမ်းနေပြီမဟုတ်လား။

ဦးငယ်~(Completed)Where stories live. Discover now