"Five.... Four.....Three.....Two....One"

"ရှူး......ဒိုင်း"

မီးရှူးမီးပန်းများ မိုးပေါ်သို့တက်သွားပြီး မီးပွားစလေးတွေအဖြစ် ဖွားခနဲကြဲထွက်သွားသည်။

"ယေး...."

လှလိုက်တဲ့မြင်ကွင်း။ ထွက်လာပြီ ထွက်လာပြီ။ LED ဖန်သားပြင်ကြီးနှစ်ခြမ်းကွဲသွားကာ နောက်ကွယ်မှ နောက် ကျောပေးရပ်လျက်ရှိသည့် လူခြောက်ယောက်ပေါ်လာသည်။

"အိုး...."

"ဝိုး....."

​တစ်ကွင်းလုံးအော်သံကြီးကကြောက်ခမန်းလိလိ။ မီးဆိုင်းများကလည်း တစ်ကွင်းလုံးနေရာအနှံ့ပြေးလွှားနေကြသည်။ Lightstick များလည်းခုနကထက်ပိုလင်းလာကြပြီး လှုပ်ယမ်းကုန်ကြလေပြီ။

"ဒူ..."

"Artist-K is in front you all....."

ပထမဆုံးထွက်လာသည့် X.Brand ၏အသံ။

"This is the first time for us. Am I right?"

X.Brand အသံသည် စူးရှပြတ်သားနေပြီး အားအပြည့်နဲ့မာန်တွေပါပါနေသည်။ ဒီလိုစကားပြော Rap ဆိုရင် အငယ်လေးကပိုင်မှပိုင်။

"Nae !!!"

တီးလုံးသံစထွက်လာလေပြီ။ သူတို့ပွဲဦးထွက်သီချင်း။ Artist-K ရယ်လို့လူတွေကိုစတင်အသိပေးခဲ့သည့်သီချင်းသံပင်။

"ယေး...."

"Hey!...Lady and Gentleman..... Get out from all of case. Let's dance freely with Artist-K"

"ယေး"

သီချင်းသည်ဆက်တိုက်သွားနေသည်။ ပရိတ်သတ်ထုကြီးကလည်းတလှုပ်လှုပ်နှင့်လိုက်က၏။ သူ့အပိုင်း ကိုယ့်အပိုင်းဆိုရင်း "Dance Dance
D a Da Dance... Freely Dance" ဆိုရာတွင် တစ်ကွင်းလုံးအကြီးအကျယ်ကကြသည်။

"ကင်ဒယ်ဟို....ချွဲချောင်ဟီး....ပက်ခ်ဆိုးချန်.....အီးအေ... အီးဂဲလ်....လီထယ်ဆော့.....
ဟန်ယောင်မင်း....နား တူး...Artist-K"

Fan Chart အော်သံကြီးကလည်း သြတောတောနဲ့တလောတလောထွက်ထွက်လာသည်။ သီချင်းတစ်ပုဒ်ပြီးသွားသည့်အစီအစဥ်အတိုင်း ဆက်ဖျော်ဖြေသည်။ သုံးပုဒ်ဆက်တိုက်ဖျော်ဖြေအပြီးတွင်တော့ စင်နောက်တစ်ခါပြန်ဝင်ရသည်။

ညီညီတို့စင်နောက်ပြန်ဝင်လာပြီဆိုသည်နှင့် Staff တွေကဝိုင်းလာသည်။ ရေဗူးယူပေးသူကယူပေး၊ ချွေးသုတ်တဲ့သူသုတ်။

IDOLWhere stories live. Discover now