နိဂုံး

Start from the beginning
                                    

'' ဒီအတိုင်းထိုင်နေလို့လည်းမပြီးသေးဘူး ... ကားမှောက်တာဆိုရင်တော့ ဆေးရုံကြီးပဲပို့မယ်ထင်တယ် တွေ့လိုတွေ့ငြားဆေးရုံကြီးလိုက်ကြည့်လိုက်မယ် ... မေမေတို့ကအိမ်မှာနေပြီး တမန့်ကိုလည်းဖုန်းဆက်တိုက်ခေါ်ကြည့်နေလိုက် ... ဘာသတင်းထူးလဲစောင့်နေရင်း တခုခုဆိုလည်းဖုန်းဆက်ပေးပါ ... ဒရိုင်ဘာပြန်ရောက်ရင်ဘယ်မှထပ်မလွှတ်နဲ့တော့ ... အကြောင်းကိစ္စပေါ်လာရင် သွားရလာရခက်မယ် ''

ဦးသိင်္ခ ပြန်ထွက်ဖို့အတွက် အိမ်ရှေ့ထွက်လာသောအချိန်မှာပင် နောက်ထပ်ကားတစ်စီးဝင်လာတာကိုမြင်လိုက်ရပေသည်။အိမ်ကကားပဲဟု ထင်မှတ်လျက် မှာစရာရှိတာမှာဖို့စောင့်နေဆဲ အနီးရောက်လာသောကားမှာ အိမ်ကဒရိုင်ဘာမောင်းသွားသောကားမဟုတ်ပြန်။

ရွံ့အလူးလူးပေစုတ်နေသော ဂျစ်စုတ်တစ်စီးဖြစ်နေ၍ အံ့အားတသင့်ကြည့်နေမိစဉ် ကားကမြက်ခင်းနေရာလွတ်၌ ထိုးရပ်သွားကာ လူတစ်ယောက်အမောတကောဆင်းလာလေသည်။

'' ဟယ် ကိုမန်မဟုတ်လား ... ဟုတ်ပါတယ် သူပဲ ... မေမေရေ ... တမန်ရောက်လာပြီ ... ရောက်လာပြီ ''

ဒေါ်ဝင်နီသည် ဝမ်းသာအားရ အိမ်ထဲလှည့်ကာသတင်းပေးလျက် ဦးသိင်္ခဘေးမှဖြတ်ကာ သွက်သွက်ပြေးဆင်းသွားသည်။တမန်ကား မိုးရေစိုနစ်လျက် သူ့ကားလိုပင်ရွံ့လူးနေသလို လူကလည်းပေညစ်ညစ် ။မောဟိုက်ပင်ပန်းလျက်။

'' အမလေး အန်တီစိတ်ပူလိုက်တာသား ဘာတွေများဖြစ်ကုန်ပြီလဲလို့ ဖုန်းကလည်းလုံးဝဆက်လို့မရပါလား ကားမှောက်လို့ဆို ''

''အဆင်းလမ်းမှာ ကားတစ်စီးမှောက်နေတာတွေ့လို့ ဒဏ်ရာရတဲ့လူတွေကို ဆေးရုံပို့ပေးဖို့ ကူညီရင်းဆေးရုံရောက်နေတာအန်တီ... ဖုန်းကမိုးရေဝင်သွားသလားမသိဘူး အန်တီ့ကိုဖုန်းဆက်နေရင်း လုံးဝပိတ်ကျသွားတာပဲ ပြန်ဖွင့်လို့ကိုမရတော့ဘူး ... အရမ်းစိတ်ပူသွားကြမယ်ထင်လို့ အမြန်ဆုံးပြန်လာဖို့ကြိုးစားတာပဲ ... မျက်မြင်သက်သေအနေနဲ့ အနည်းအပါးစစ်မေးနေတာကိုဖြေနေရလို့ နောက်ကျသွားတယ် ''

တမန်သည် ဒေါ်ဝင်နီ့ကိုငုံ့ဖြေရင်း မျက်မှောင်ကျုံ့ ခါးထောက်ကာရပ်ကြည့်နေသော သူ့လေးလေးသိင်္ခနဲ့ ဘွားကိုပါ ညွှတ်နူးတိုးလျိုးစွာပြုံးပြလိုက်ပါသည်။

မနီးချင်...မဝေးချင်||completed||Where stories live. Discover now