နိဂုံး

Start from the beginning
                                    

'' အခုအိပ်ပျော်သွားလိမ့်မယ်သိလား ... နှိုးမရရင်လည်းစိတ်မပူကြပါနဲ့ရှင် ...ဆေးကြောင့်ပါ နိုးလာတော့ကောင်းသွားမှာပါနော် ... လူနာကလည်းငယ်သေးတော့နာလန်ထမြန်ပါတယ် ''

ဆရာဝန်မကလေးကို ကားနဲ့တစ်ခါပြန်လွှတ်ပို့ကာ နောက်မအေးသေးသောနောက်တစ်ပူအတွက်စုရုံးရပြန်သည်။

'' ကဲ ဆရာဝန်ပြန်ပို့ပြီးရင် တမန့်နောက်လိုက်ဖို့လုပ်ကြပါဦး ဝင်နီဖုန်းဆက်လို့မရသေးဘူးလား ''

ဒေါ်ဝင်နီသည် အတုန်တုန်အယင်ယင်နဲ့ဖုန်းကိုအခါခါနှိပ်နေရင်း ...

'' မရဘူး မေမေ စောစောကမှ တစ်ချက်ဝင်သွားသေးတယ် အခုတော့လုံးလုံးစက်ပိတ်ထားပါတယ်ဖြစ်သွားပြီ ''

'' တခုခုလုပ်ကြစမ်းပါဦး ... သူ့အဖေအမေကလည်း ဒီမယ်မရှိ ဒီကောင်လေးနှယ်ခက်တော့တာပဲ ... ဟဲ့ အိမ်ရှေ့ကကားသံပါလား ဆရာဝန်ပြန်ပို့တာမြန်လှချည်လား ''

သို့သော် ထိုကားမှာ ဆရာဝန်ပြန်ပို့သောကားမဟုတ်။နေ့လယ်ထမင်းစားပြီး၍ အလုပ်ပြန်ထွက်သွားတာပင်မကြာသေးသော ဦးသိင်္ခပြန်ရောက်လာတာဖြစ်နေလေသည်။သူ့ကိုလည်းဖုန်းဆက်ခေါ်ထားသဖြင့် အထိတ်တလန့်ပြန်ရောက်လာရပါသည်။

ဘယ်လိုလဲ ... ဒီနှစ်ကောင်ကို အဆက်အသွယ်ပြန်ရကတည်းက တစ်ရက်မှအေးအေးမနေရပါလား ဟုရှုံ့မဲ့နေပါသည်။

'' ကားမှောက်တာလို့ပြောသလား ဟုတ်လား ''

'' အဲ့သလိုပြောတာပဲ ... ဘယ်နားမှာဖြစ်တယ် ဘယ်လောက်ထိခိုက်သွားတယ်ဆိုတာတွေ ဘာမှမပြောလိုက်နိုက်ဘူး ဖုန်းကကျသွားတာပဲ ... ဒီအချိန်မိုးကြောင့်လမ်းတွေပျက်တာနဲ့ သူကဂျစ်နဲ့ကြမ်းကြမ်းတမ်းတမ်းများမောင်းမိသလား အိမ်ပြန်လာဖို့စိတ်လောပြီးတော့''

'' ဘယ်နားမှာဖြစ်တာမှန်းမသိတော့ခက်တာပဲ ... ဒီမှာဖြစ်တာလား အခုမှဟိုကထွက်လာကာစလား ...ဘယ်ဆေးရုံလိုက်ရမှန်းလဲမသိ... ဖုန်းဆက်နိုင်တယ်ဆိုတော့ သိပ်ဆိုးဆိုးဝါးဝါးမဟုတ်ဘူးလို့လည်းထင်ရတာပဲ ... ဖုန်းဆက်တုန်းက အသံကဘယ်လိုနေသလဲ ''

'' မပြောတတ်ဘူးရှင် ... အသံတွေကအရောရောနဲ့ ဆူနေတာပဲ ... ''

ဦးသိင်္ခလည်းဘာလုပ်ရမှန်းမသိတိုင်း ခေါင်းတဂျစ်ဂျစ်သာကုပ်နေမိပေသည်။

မနီးချင်...မဝေးချင်||completed||Where stories live. Discover now