SNS,Naver တို့တွင် လူကြည့်များနေသည့် Blog တစ်ခု။ Right Always Win (RAW) Blog ဟူသည် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံအတွင်း နာမည်ကြီးသည့်သတင်းများကို အမှန်အတိုင်းသုံးသပ်ပြလေ့ရှိသည့် တစ်ဦးပိုင်ချန်နယ် Blog ဖြစ်သည်။

အမှန်တရားကိုသာတင်ပေးလေ့ရှိသည်မို့ အတန်အသင့်အာရုံစူးစိုက်မှုရပြီးသား ချန်နယ်လေးလည်းဖြစ်ပါ၏။ တော်ရုံတန်ရုံအမြင်ကွဲမှုများဆို ထိုချန်နယ်မှသတင်းတက်လာသည်နှင့် အမှန်တရားဟုယုံကြည်သွားကြသည်အထိ ပရိတ်သတ်အခိုင်အမာရထားလေသည်။ ထိုချန်နယ်မှတက်လာသည့် သတင်းသည် Artist-K သတင်းဖြစ်နေသည့်အခါ လူစိတ်ဝင်စားပိုများသွားလေသည်။ ထို Vlog ကိုပင် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ၏ နာမည်ကြီးသတင်းဌာနတစ်ခုက တစ်နိုင်ငံလုံးသို့ ပြန်လည်လွှင့်ပြနိုင်ခဲ့သည့်အတွက် ညီညီတို့အတွက်အလင်းရောင်ပြန်ရလာချိန်ဟုဆိုနိုင်ပေပြီ။

"ယေး"

တိုက်ရိုက်လွှင့်နေသည့် သတင်းအဆုံးတွင် ညီညီဝမ်းပမ်းတသာထခုန်ပစ်လိုက်သည်။ ညီညီ့အကြံအောင်ခဲ့ပြီ။ သေချာပေါက်အဖွဲ့ရဲ့သိက္ခါကိုပြန်ဆယ်နိုင်တော့မည်။ တစ်နိုင်ငံလုံးကိုအဖြစ်မှန်တွေဖော်ချပြလိုက်တော့ ရင်ထဲပေါ့သွားတာပဲ။

"တကယ်ကြီးအကြံအောင်မြင်တာပဲ"

"ဂိုမားဝေါ Eagle"

မန်ဘာတွေနဲ့အတူ သတင်းကြည့်ရင်း အစ်ကိုဒယ်ဟိုနဲ့ချောင်ဟီးက ညီညီ့ကိုဖက်ထားသည်။ ကိုရီးယားလိုမျိုးများ၏ နှုတ်ဆက်သည့်အခါ ပျော်သည့်အခါ ဝမ်းနည်းနဲ့သည့်အခါ အားပေးသည့်အခါ ဂုဏ်ပြုသသည့်အခါ ပြုလုပ်တတ်သည့်အပွေ့အဖက်တစ်ခုသည် ရင်ထဲမှာများစွာကျေနပ်မှုကိုဖြစ်စေသည်။

ညီညီဘာမှထူးထူးခြားခြားလည်းမလုပ်လိုက်ရပါဘူး။ လွန်ခဲ့သည့်​ငါးရက်က အစ်ကိုဒယ်ဟို့ကို "Hyung ဘဝမှန်ကိူလူတွေသိသွားမှာ Hyung ရှက်လား" လို့မေးခဲ့သည်။ အစ်ကိုကပြန်ဖြေ​တယ်။

"အာနင်း(ဟင့်အင်း) ဘာလို့ရှက်ရမှာလဲ။ ငါတို့ကဆင်းရဲတာပဲရှိတာပါ။ ​မကောင်းတာလုပ်ထားတဲ့သူတွေမှမဟုတ်တာ" တဲ့။

ထို့ကြောင့်ညီညီ့အကြံတွေကို အကောင်အထည် ဖော်လို့ရခဲ့ခြင်း။ အစ်ကို့အိမ်် အခန်း ခြံဝန်းအကုန်ရယ် အရင်နေသွားခဲ့တဲ့ အိမ်သေးသေးလေးဆီကိုပါ ဓာတ်ပုံသွားရိုက်ခဲ့သည်။ ယောင်းမင်းအဖေက တောင်ကိုရီးယားဝါရင့်အဆိုတော်တစ်ဦးမို့
အဖေ့အဆက်အသွယ်နဲ့ Right Always Win (RAW) ဆီသို့ ညီညီတို့လိုချင်သည့်အချက်အလက်များကိုပါအောင် သတင်းရေးဖို့ပေးနိုင်ခဲ့သည်။ ဒါတောင် ထိုသတင်းထောက်က အချက်အလက်တွေမှန်မမှန် ထပ်စစ်ဆေးဦးမှာဖြစ်ကြောင်း အထွန့်တက်နေသေး၍ အမှန်တွေဖြစ်ကြောင်း ကတိအထပ်ထပ်ပေးခဲ့ရသေးသည်။

IDOLWhere stories live. Discover now