၂၇

1.1K 129 13
                                    

Unicode




ထိုနေ့က မမဖြူ လာမည်ဟု ဆိုသဖြင့် ရီရီက လယ်ထဲသို့ လိုက်မသွား။ အိမ်မှာ ရှိနေသောနွေးနှင့် မမဖြူနှင့်အတူလိုက်ပါလာသော ခင်တို့ နှစ်ယောက်ကိုလည်း မုန့်ပေးပြီး ကလေးဇာတ်သွင်းးကာ အဝေးမှာထား၍ နှစ်ယောက်သား တီးတိုးတီးတိုး ဆွေးနွေးနေကြသည်မှာ တစ်နေကုန်သည်အထိ မပြီးပြတ်နိုင်ကြသေး။

"သူတို့ .. ဘာပြောနေကြတာများ ဖြစ်မလဲ"

နွေး၏ မေးခွန်းကို ခင်က မသာမယာ မျက်နှာပေးဖြင့် တုံ့ပြန်လာသည်။

"မသိတော့ပါဘူးနွေးရယ် ၊ ခင်ဖြင့် စိတ်ညစ်တာပဲ သိတော့တယ် ၊ အိမ်မှာလည်း မမဖြူနဲ့ ပတ်သက်ပြီး ပြဿနာတက်နေတာ"

အမြဲ ပြုံးရွှင်နေတတ်သော ခင့်မျက်နှာလေးမှာ ရောက်ကတည်းက မကောင်းတာ အမှန်ပဲမို့ ပြဿနာက တော်တန်ရုံမဟုတ်တာတော့ သေချာသည်။ အိမ်တွင်းရေးမို့ မေးလိုက်ပါကလည်း မကောင်း ။ သို့သော် ခင်က ဘာကိုမှ စိတ်ထဲ မထားတတ်သူပီပီ အကုန်ပြောပြလာသည်။

"မမဖြူက အလုပ်ထွက်လာတာလို့ ပြောတယ်
ဖေဖေ နဲ့ မေမေကလည်း ဆူတာပေါ့ ၊ ဘယ်လိုပဲ ပညာသင်ဆုနဲ့ ကျောင်းတက်ခဲ့ရလို့ အိမ်က ပိုက်ဆံမကုန်ခဲ့ရဘူး ဆိုအုံးတော့ အများကြီး ဂုဏ်ယူနေခဲ့ရတဲ့ သမီးကြီးလေ ၊ အစိုးရဝန်ထမ်း ဆရာဝန်ဆိုတာကိုလည်း အမြဲကြွားဝါနေကြတာ ၊ အခုတော့ အိမ်ကိုတောင် မတိုင်ပင်ဘဲ အလုပ်ထွက်လာတယ်လေ ။ မမဖြူကလည်း တစ်ခွန်းမှ မတောင်းပန်ဘူး။ သူမှားတယ်ဆိုတာ မရှိဘူး ဆိုတာချည်းပဲ ။ သူတို့ ကြားထဲက ခင့်မှာ နေစရာနေရာတောင် မရှိဘူး "

ခင့်လေသံက မမဖြူကို အပြစ်တင်ချင်သည့် သဘောသက်ရောက်နေသော်လည်း ထိုသို့လည်း မဟုတ်ပြန် ။ မမဖြူကို လှမ်းကြည့်ကာ သက်ပြင်းလေး တချချရယ်နှင့် ပူပန်နေရှာသည်။

"မမဖြူက ဘာလို့ အလုပ်ထွက်လာတာတဲ့လဲ"

နွေး၏ ထိုမေးခွန်းကိုတော့ ရီရီနှင့်အတူ အနားရောက်လာပြီဖြစ်သည့် မမဖြူကပဲ အဖြေပေးလာသည်။

"ဆရာဝန်ဆိုတာ ဆေးကုရတယ်လေ နွေးလေးရဲ့ တကယ်လို့ ဆရာဝန်တစ်ယောက်ကို သေနတ်နဲ့ ချိန်ထားပြီး ဒီလူနာကိုတော့ ကုမပေးနဲ့ ၊ ဒီလူနာကိုပဲ ကုပေးဆိုပြီး အမိန့်ပေးလာခဲ့ရင် အဲ့ဒီလိုအလုပ်ကို လုပ်နိုင်ပါအုံးမလား ၊ အရေးပေါ် အခြေအနေမှာဆိုရင်တောင် ကုသပေးရမဲ့ လူနာနဲ့ ၊ ကုသလို့မရတော့တဲ့လူနာကို ဆုံးဖြတ်ပေးလို့ရတာက မမဖြူတို့ပဲလေ ၊ သူတို့က ဘာသိလို့ အမိန့်လာပေးရတာလဲ ၊ မဟုတ်ဘူးလား "

နွေ ရီရီ နွေး ......Where stories live. Discover now