မောင်နားလည်တာမို့ ဦးငယ် မုန်းချင်သလောက်မုန်းပါ။
ကလေးငယ်ကို မရွေးချယ်နိုင်တဲ့ မောင်က ဦးငယ်စီက ခွင့်လွှတ်မှုလည်းရမှာမဟုတ်ဘူးဆိုတာသိပါတယ်။

ကျနော့်လုပ်ရပ်က အကျည်းတန်တယ်လို့
ထင်ချင်ထင်နေကြမယ်။
ဒါပေမဲ့ ကျနော့်ရင်ဘတ်ထဲက နှလုံးသားက အမြဲဦးငယ်ကိုပဲ ရွေးချယ်နေခဲ့တာ။

ဘယ်လိုအချိန်မျိုးမဆို မောင့်အသက်ပါပေးနိုင်တယ်။နှင်းဆီဖြူလေးရယ် မညိုးနွမ်းသွားလိုက်ပါနဲ့။မောင့် ရင်တွေထက်မကွဲချင်တော့ဘူး။

နှလုံးသားလေးလည်း နာကျင်တာများနေပြီထင်ပါရဲ့။
တခါတခါကျနော်အသက်ရှုဖို့တောင်မေ့နေခဲ့သည်။

-
-
-

ပိုးသတ်ဆောင်၏ကုတင်လေးထက်ဆေးပိုက်လေးတန်းလန်းဖြင့် Taehyung မေ့နေတုန်းပင်။

မေ့ဆေးအရှိန်ကလည်း မပြေသေးသလို။
သူ့ကို အိပ်ဆေးလေးနည်းနည်းထိုးပေး ထားတာကြောင့်ပင်။

ကလေးကိုဆုံးရှုံးရသည်ဆိုတာကို အမြန်သိသွားခဲ့ရင် ထိန့်လန့်သွားပြီဆို သွေးနုသားနုနှင့်မီးတွင်းထဲ သည်းခြေပျက်သွားသည်အထိဖြစ်မှာကို စိုးရိမ်တာကြောင့် Jungkook ခွင့်ပြုချက်ယူကာ
အိပ်ဆေးပေးထားခြင်းသာ။

သို့သော် Taehyung အခန်းထဲ Jungkook ပင်ဝင်တွေ့လို့မရသေးချေ။
သူနာပြုနှင့် ဆရာဝန်တွေသာ အဝင်အထွက်လုပ်ခွင့်ရှိသည်။

အခန်းတံခါးမှ ခုနှစ်လက်မလေးထောင့်ကွက်လေးဖြင့်လုပ်ထားသည့် မှန်အကာလေးမှတဆင်သာ Taehyung ကိုမြင်ခွင့်ရလေသည်။

ခွဲစိတ်မှုပြီးဆုံးပြီး သိခဲ့ရတာက ဦးငယ်အခုလိုအခြေအနေဖြစ်ခဲ့ရသည့်အကြောင်းအရင်းက
သားအိမ် အချင်းကွာသွားခဲ့တာ။

ပုံမှန်ဆို သားအိမ်ထဲက အချင်းသည် အလေးအပင်မ တာကြောင့်သာကွာတတ်ပေမဲ့။
ကိုယ်ဝန်ဆောင်တွေလရင့် ရင်လည်း အကြမ်းအတမ်းဆွဲခေါ်တာတွေ ဆောင့်ဆွဲတာတွေကြောင့်လည်း အချင်းကွာတတ်သည်။

အခုဦးငယ် ဒီလိုဖြစ်ရတာ ကျနော့်အမှားလည်းမကင်းချေ။
ကျနော်သာ ဦးငယ်ကို အကြမ်းအတမ်းမပြုမူမိရင် အခုလိုဖြစ်ရမှာမဟုတ်ဘူး။

ဦးငယ်~(Completed)Where stories live. Discover now