ခနအကြာတွင်မူ အရေးပေါ်ခန်းထဲမှ ဆရာဝန်
တစ်ဦးထွက်လာခဲ့သည်။
သူမျှော်လင့်တကြီးစောင့်စားနေရသည့်
အခိုက်တန့်လေးတစ်ခု။

"လူနာရှင် Jeon Jungkook..."

" ဟုတ်ကဲ့ ခင်ဗျာ့..."

"စိတ်မကောင်းစွာနဲ့ပြောပါရစေ...ဖခင်နဲ့ကလေးတစ်ယောက်ကို ရွေးချယ်ပေးပါ...အရမ်းအရေးကြီးနေလို့ပါ ..."

" ခ...ခဗျာ..."

" လူနာ Min Taehyung ကသွေးဆင်းတာတွေအရမ်းများနေပြီ...ကလေးကိုမွေးမယ်ဆို သူအသက်ပေးရမယ်...သူကိုသာရအောင်ကယ်မယ်ဆိုလည်း ကလေးကိုလက်လွတ်ရလိမ့််...အဲ့တာကြောင့်တစ်ခုကိုပဲရွေးချယ်ပေးပါ..."

Jungkook တုန်လှုပ်သွားရသည်။
အခက်ခဲဆုံးရွေးချယ်မှုကိုသူရွေးရတော့မည်လေ။

မောင့်ရဲ့ဘဝကို မောင်အဆုံးရှုံးမခံနိုင်ဘူး ဦးငယ်။
မောင့်ကို ခွင့်လွှတ်ပါ။

" Min Taehyung ကိုပဲကယ်ပေးပါ...ကလေးကို
လက်လျော့လိုက်ပါပြီ..."

သူ့ရဲ့စကားအဆုံး ဆရာဝန်ဖြစ်သူက ခေါင်းငြိမ့်ရင်း အရေးပေါ်ခန်းထဲပြန်ဝင်သွားခဲ့သည်။

နှစ်ခါပင်စဥ်းစားမနေခဲ့။သူဦးငယ်ကိုသာရွေးချယ်ခဲ့သည်။

သူနာပြုတစ်ဦး ကျနော့်အနားကို ဖောင်စာရွက်လေးကိုင်ကာ ရောက်လာသည်။

ဘောပင်လေးကိုလှမ်းပေး ကာ...

" လက်မှတ်ထိုးပေးပါ..."

ဦးငယ်ရဲ့ အသက်ကိုရွေးချယ်ခဲ့ကြောင်း လက်မှတ်ထိုးခိုင်းပြန်တော့ တစ်ချက်ပင် မတွေဝေသွားပြန်။ ကျနော် လက်မှတ်လေးက ထိုဖောင်စာရွက်လေးပေါ် အထင်းသားရောက်ရှိသွားလေပြီ။

လုပ်ထုံးလုပ်နည်းတွေနဲ့ ဆရာဝန်နှင့်သူနာပြု
တွေအလုပ်များနေကြသည်။

ထိုင်ခုံတန်းလေးပေါ်သာစိတ်ကို ဒုံးဒုံးချကာ
ထိုင်ချလိုက်သည်။

တောင်းပန်ပါတယ် ကလေးငယ်။ငါမင်းကိုမရွေးချယ်ပါရစေနဲ့။မင်းကိုရွေးချယ်မိရင် ငါ့ရဲ့ဦးငယ် သေဆုံးရလိမ့်မယ်။

ဦးငယ် သတိပြန်ရလို့အခုအကြောင်းတွေများသွားရင် မောင့်ကိုအမုန်းကြီးမုန်းနေမယ်ဟုတ်လား။

ဦးငယ်~(Completed)Where stories live. Discover now