-ခေါင်းအသာငြှိမ့်ပြလိုက်သည်။
နာမည်ကြားရတာနဲ့တင် စိတ်နာလွန်းလို့။ -

"အိမ်ထဲဝင်ကြရအောင်လေ...."

-beomgyu ommaမှာ beomgyuကိုဖက်ပြီး အိမ်ထဲသို့ဝင်သွားခဲ့သလို yeonjun appaကလည်း သားကိုပုခုံးဖက်ကာအထဲခေါ်သွားလိုက်သည်။ -

"ကဲ...ပြောစမ်းပါဦး။
ငါသွားတုန်း မင်းဘာပြဿနာရှာထားသေးလည်း ယောန်ဂျွန်း"

"ကျွန်တော်ကအမြဲပြဿနာရှာနေတဲ့လူလား။  "

"ဒါပေါ့..."

"APPA!!!!
အာ....တကယ်ပါဘဲ.... "

" အကိုကြီးတို့သားအဖကတော့လေ....
ဒါနဲ့ သား....အမကြီးဟျိုရော.... မမြင်ပါ့လား။ "

"သူ့နောက်ယောက်ျားနဲ့ရှိနေမှာပေါ့....
ကျွန်တော်က သူ့ကို ဘာအရေးလုပ်လို့..."

-ပြောရင်းအသံတိုးဝင်သွားသော ယောန်ဂျွန်းကြောင့် ဘောမ်ဂယူတစ်ချက်ရှိုးလိုက်သည်။ appaကလည်းထိုကိစ္စတွေသိနေသည်မလို့ ဘာမှဝင်မပြောပေ။ -

"Choi beomgyu....ငါ့ကောင်ကြီး မမြင်ရတာကြာတော့ ရည်းစားတွေဘာတွေရှိနေပြီလားကွ။ "

"မရှိပါဘူး။ "
(Taehyun....ဂျာဂီယား မီယားနယ်)

"ရည်းစား?
ဘာကိုရည်းစားရ ရမှာလည်း။
ကျွန်မသားက လူလိမ္မာလေးပါနော်။
သူသဘောကျနေတဲ့လူကိုတောင် ဖွင့်မပြောခဲ့ဘူးလေ။ အကုန်မအေကလုပ်ပေးနေရတာ။ "

Beomgyu POV:
-လုပ်ပေးရအောင် ဘာကိုလုပ်ပေးရမှာလည်း။
ommaစီစဥ်တဲ့အရာတွေကို မနာခံနိုင်လို့ appaဆီထွက်လာခဲ့တဲ့လူကို.....-

"Beomgyu ya!!!
ငါတို့နေ့ခင်းအတန်းတက်ရဦးမယ်မလား။
Appa....ကျွန်တော်တို့သွားရတော့မယ်။
နားတော့လေ....ခရီးပန်းလာမှာပေါ့။ "

"အေး....
ညီမလီလည်း ထမင်းစားပြီးမှပြန်နော်။
ညီမလီအတွက် အခန်းပြင်ပေးလိုက်ပါ အဒေါ်ကြီး။ "

"ဟုတ်ကဲ့...သခင်ကြီး"

"ဒါဆို သားတို့သွားပြီနော်။
စာနောက်ကျမှာစိုးလို့...."

Forever[Completed]Where stories live. Discover now