"ဟုတ်လား....အား...ဂူဂူ အရမ်းပျော်တာပဲ့ ..ပါးပါးရေ ဂူဂူ ပါးပါးကို အရမ်းချစ်တာပဲ့ မွမွ"

ဂူဂူ ....ဂျောင်ဂု ကိုယ်ပေါ်မှ ဆင်းရင်း ကုတင်ပေါ် အိပ်နေတဲ့ ထယ်ယောင်းရဲ့ ပါးတစ်ဖက်ကို နမ်းလိုက်သည်။ခနကြာတော့ ဂျွန်ကတော် စကားပြောလာသည်။

"လာ..အားလုံး အပြင်ထွက်ကြရအောင်...ထယ်ယောင်း အနားယူပါစေ..လာ ဂူဂူ ဖွားဖွားတို့ အိမ်ရှေ့သွားမယ်"

"ဟုတ် ...ဒယ်ဒီရော ..မလိုက်ဘူးလား ဒယ်ဒီ"

"ဒယ်ဒီ ..မလိုက်တော့ဘူး သားသား...ပါးပါး နိုးတာ စောင့်နေမလို့"

"ဟုတ်"

ဂူဂူလေးတို့ ထွက်သွားသည်။ အခန်းထဲမှာ ဂျောင်ဂုနဲ့ ထယ်ယောင်းနှစ်ယောက်တည်း။ဂျောင်ဂု ကုတင်ဘေးက ထိုင်ခုံမှာ ထိုင်လိုက်သည်။အိပ်နေတဲ့ ထယ်ယောင်း လက်လေး ဆုပ်ကိုင်ရင်း စကားပြောနေမိသည်။

"ကျေးဇူးတင်ပါတယ် ...ထယ်...မောင်လိုချင်တာ ဖြည့်ဆည်းပေးလို့ ကျေးဇူးတင်ပါတယ်...ထုတ်ပြောစရာတောင်မလိုဘူး...ထယ်က အလိုက်သိလိုက်တာ...ဒီကောင်လေးကို ချစ်လို့တောင်မ၀ဘူး...ကြည့်ပါအူး အိပ်နေတာတောင် အသဲယားလို့ သေတော့မယ်...လုပ်ချင်တာ လုပ်လိုက်ရင်တော့ ရစရာမရှိအောင်ကို ဖြစ်အုံးမယ်...ဟီးဟီး..."

"ထယ်ရယ်...မောင်လေ Top 1ဖြစ်တာတောင် အဲလောက် ရင်မခုန်ဘူးသိလား....မောင်ရာထူးတိုးသွားပီ ထယ်..မောင်က ကလေးနှစ်ယောက်အဖေ တဲ့ ...ဟီး...မောင်အရမ်းပျော်တာပဲ့ ...စိတ်ချပါ ..မောင့်မိသားစု လေး ကို မောင် အရင်လို တကွဲတပြားမဖြစ်စေရဘူး...ထယ်ကိုလဲ ထပ်ပီး အဆုံးရှုံးမခံနိုင်တော့ဘူး...ပျော်အောင်ပဲ့ ထားမှာမို့....ချစ်တယ် မောင့် မူပိုင်လေး.."

ပြောရင်း ထယ်ယောင်း လက်‌သွယ်သွယ်လေးကို ဂျောင်ဂု သူ့ပါးမှာ အပ်ထားသည်။ညရောက်တော့ ထယ်ယောင်း နိုးလာသည်။

"အာ...ကျွတ်...ကျွတ်"

"ထယ်...နိုးလာပီလား....အဆင်ပြေရဲ့လား...လာ ...ဆန်ပြုတ်လေး သောက်ရအောင် ထယ် ဘာမှ မစားရသေးဘူး"

"အင်းမောင်...မောင်...ထယ်ဘာဖြစ်သွားတာလဲ"

"ထယ့်မှာ...ဒုတိယသားငယ်လေး လွယ်ထားတယ် ထယ် နှစ်လတောင်ရှိပီ"

You've reached the end of published parts.

⏰ Last updated: Sep 24, 2022 ⏰

Add this story to your Library to get notified about new parts!

မောင့်မူပိုင်💜 (Completed)Where stories live. Discover now