ထပ်အိပ်လို့မရတော့တာကြောင့်
အခန်းမီးအားဖွင့်လိုက်ကာ
ရေးနေကျဒိုင်ယာရီစာအုပ်အားဖွင့်လိုက်သည်။

ခေါင်းစဥ်တပ်လိုက်သည်။

ထိုသည်က"မောင်.."

ရေးချင်တာများမှာ အများကြီးရှိနေပေမဲ့
ထယ်ယောင်းနောက်ဆုံးစာကြောင်းတစ်ကြောင်းသာချရေးခဲ့သည်။

'ချစ်တယ်မောင်...'

သူထွက်လာသည်မှာတစ်နှစ်ပင်ပြည့်ပြီး။
မောင်လည်း နာမီယွန်းနှင့်ကလေးလေးရလောက်ရောပေါ့။
သာယာတဲ့မိသားစုဘဝကိုပိုင်ဆိုင်နေမှာအမှန်ပင်။

တစ်ဖက်သတ်ဆိုတာပူလောင်လွန်းပါတယ်လေ။ ပြတ်သားသလိုဟန်ဆောင်ခဲ့တာလည်းကိုယ်ပဲ။
မနေနိုင်မထိုင်နိုင် ပူဆွေးနေရတာလည်းကိုယ်။
ကြိတ်လွမ်းနေရတာလည်းကိုယ်။
ခိုးချစ်နေရတာလည်းကိုယ်။
မောင်က အတိတ်မှာ သူကြုံတွေ့ခဲ့ရတဲ့အမှားလှလှကလေးပင်..။

ဂျောင်ကုပေါက်ဆိန်ကို
ထက်သထက် ထက်အောင်သွေးနေမိသည်။
အစီအစဥ်များလည်းအကုန်ချထားပြီးသား။
သူထိုမိန်းမကိုသတ်မည်။

ဂျော်နီက သူ့အားနည်းချက်ကိုချုပ်ကိုင်ပြီး အပီအပြင်လှဲချခဲ့တာ။
သူလည်းဂျော်နီ၏ ခြေလှမ်းကိုပြန်နင်းရုံကလွှဲတစ်ခြားနည်းလမ်းမရှိ။

ဖုန်းအားကောက်ယူလိုက်ပြီးနံပါတ်တစ်ခုကိုဆက်သွယ်လိုက်သည်။

ထိုဘက်မှလူက သူ့ဖုန်းကိုချက်ချင်းကိုင်သည်။

"လူ10ယောက်လောက်ပြင်ထား နောက်တစ်ပတ်သောကြာနေ့စမယ်"

ပြောပြီးတာနှင့်ဖုန်းချလိုက်ကာ ကျေနပ်စွာရယ်မိသည်။
ပေါက်ဆိန်လည်းထက်သင့်သလောက်ထက်နေပြီး။

ပန်းတိုင်မှာတစ်ဖြည်းဖြည်းနီးသထက်နီးလာသလိုပင်။

ကျေနပ်မှုမှာလည်း အတိုင်းအဆမရှိ။ ညနေစောင်းနေပြီးဖြစ်တာကြောင့် ပုစွန်ဆီရောင်သမ်းနေသော မြစ်ပြင်ကျယ်ထက်မှကောင်းကင်ကြီးကို ဂျောင်ကုအခန်းတံခါးဖွင့်ပြီးကြည့်နေမိသည်။

ထူးထူးခြားခြားစိတ်များက ကြည်နေသည်။ လုပ်ချင်တာလုပ်ရတော့မည်မို့ထင်ပါရဲ့။

Loading.. [COMPLETE]Where stories live. Discover now