"မီ...မီ့မှာကိုယ်ဝန်ရှိနေပြီးကိုကို"

ကိုကိုမှာထိုစကားကိုကြားတော့
ခေတ္တမျှကြောင်အသွားရသည်။
သူနားကြားလွှဲတာလား။
အချစ်မှာကိုယ်ဝန်ရှိနေပြီးတဲ့။
အချစ်ကသူနဲ့ရတဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီးပေါ့။

ဝမ်းသာမှုများကအတိုင်းအဆမရှိ။
အချစ်ရဲ့ကိုယ်လေးကိုပွေ့ပြီး
တစ်ပတ်လှည့်လိုက်ကာ
နှုတ်လမ်းအားငုံထွေးလိုက်မိသည်။

"ကျေးဇူးပါအချစ်
ကိုယ့်အတွက်ကိုယ်ဝန်ဆောင်ပေးခဲ့လို့
အချစ်ကိုရော
ကလေးလေးကိုရော
  ကိုယ်သေချာစောင့်ရှောက်ပါ့မယ်။
ဒီကလေးလေး
လူ့လောကထဲရောက်လာတဲ့အခါကျရင်
ကိုယ်တို့တစ်သက်လုံးပျော်ပျော်နေသွားကြမယ်"

"ဟုတ်ကိုကို"

ပျော်ရွှင်နေသော
အချစ်ငှက်လေးနှစ်ကောင်ထံ
ကံကြမ္မာဆိုးများက
အရိပ်သဖွယ်တိုးဝင်လာသည်ကို
  သူတို့ကိုယ်တိုင်သတိမထားမိကြ။

မှောင်ရိပ်ကျနေသောအခန်းတစ်ခန်းထဲတွင်
ပေါက်ဆိန်တစ်လက်အားကိုင်ပြီး သွေးရူးသွေးတန်း ရယ်နေသော
လူတစ်ယောက်ကိုသာမြင်ခဲ့လျှင်
သူတို့ပျော်နိုင်ပါဦးမလာ..?

အမှန်တော့
ဂျောင်ကုဆေးဖြတ်ပြီးကတည်းက စိတ်အခြေအနေဘက်တွင်
ချို့ယွင်းချက်တစ်ချို့ရှိသွားသည်။
စိတ်အတက်အကျမြန်ပြီး
psychoတစ်ယောက်ကဲ့သို့
ပြုမူနေတတ်ခြင်းပင်။

"မလုပ်နဲ့မောင်!!!"

ထယ်ယောင်းလန့်နိုးလာသောကြောင့်
နာရီကြည့်လိုက်တော့ ည1နာရီခန့်ပင်ရှိနေပြီး။
အခန်းအပူချိန်မှာ
မရှိသလောက်အေးစက်နေပေမဲ့
နဖူးထက်တွင် ချွေးသီးများကတွဲခိုနေသည်။

အိပ်မက်ထဲတွင်မောင်က
သွေးစွန်းနေသောပေါက်ဆိန်တစ်လက်ကို
ကိုင်ထားသေးသည်။
မောင့်ရှေ့တွင်အပိုင်းပိုင်းပြတ်ပြီး
သေဆုံးနေသောအမျိုးသမီးတစ်ဦး။

မောင်ကသွေးရူးသွေးတန်းဖြင့်ရယ်နေပြီး
ပါးစပ်မှ သူနားမလည်သော
ဗလုံးဗထွေးစကားများကိုလည်း
ပြောနေသေးသည်။

Loading.. [COMPLETE]Where stories live. Discover now