ဦးလေးကြီး၏စကားကိုကြားတော့
ဂျောင်ကု၏မျက်လုံးအရောင်မှာ
လက်ခနဲဖြစ်သွားပြီး
ဦးလေးကြီးလက်ထဲက
ပေါက်ဆိန်ကိုဆွဲယူလိုက်သည်။
"မလိုအပ်တာတွေကို
ပေါက်ဆိန်နဲ့ ရှင်းလင်းလို့ရတယ်..
အဲ့လိုမလား.."
ပေါက်ဆိတ်အသွားကို
လက်မဖြင့် ခပ်ဖွဖွပွတ်ရင်း
ဂျောင်ကုကမေးနေတာကြောင့်
ဦးလေးကြီးမှာ
ယောင်နနဖြင့်ခေါင်းညိတ်ရပြန်သည်။
"ဒါဆိုဒီပေါက်ဆိန် ကျွန်တော်ယူသွားပြီးနော်"
ဂျောင်ကုမှာ ပေါက်ဆိန်ကိုကြည့်ပြီး
ကျေနပ်စွာပြုံးကာလှည့်ထွက်သွားပေမဲ့
ခြံစောင့်ဦးလေးမှာ
နားမလည်စွာဖြင့်
ေခါင်းတစ်ဗျင်းဗျင်းကုတ်ကာကျန်နေခဲ့သည်။
"နေရတာမသက်သာလိုက်တာ"
မီယွန်းတစ်ယောက်
ဟိုလှည့်သည်လှည့်ဖြင့်
ကုတင်ပေါ်လူးလိမ့်နေသည်။
ခုတစ်လောမအီမလည်ဖြင့်
ဘာတစ်ခုမှစားချင်စိတ်မရှိ။
"ငါကိုယ်ဝန်ရှိနေတာများလာ.."
ဆတ်ကနဲထထိုင်ပြီး
ဆီးစစ်တံတစ်ခုအားယူကာ
အိမ်သာထဲသို့ပေးဝင်သွားလိုက်သည်။
တကယ်သာကိုယ်ဝန်ရှိခဲ့ရင်
ကိုကိုကအရမ်းပျော်သွားမှာ။
ကိုကိုက အမြဲတမ်း
သူ့ကိုကလေးယူဖို့ပြောနေကျဖြစ်သောကြောင့်ပင်။
ဆီးစစ်တံတွင်နီနေသောအက္ခရာလေးမှာ သူ၏ကမ္ဘာအစပင်ဖြစ်သည်။
ဘယ်လောက်တောင်တွေးလိုက်မိလည်းမသိ ကိုကိုဝင်လာတာကိုတောင်
သတိမထားမိသည်အထိ။
"ဘာတွေတွေးနေတာလည်းအချစ်"
"ကိုကို!!"
ကိုကို့အပေါ်သို့ခုန်တက်ကာ
လည်တိုင်အားဖက်ထားရင်
ဝမ်းသာစိတ်ကြောင့်
ရှိုက်ကြီးတငင်ငိုနေမိသည်။
ဘဝတွင် ကြုံဖူးသောပထမဆုံးသော
မျှော်လင့်ချက်ကလေး။
ကိုကိုကသူပြုတ်ကျမှာဆိုးတာကြောင့်
အလိုက်တသင့်ထိန်းပြီးချီထားရှာသည်။
"ကိုယ့်ရဲ့အချစ်ကဘာဖြစ်တာလည်း
ဘာလိုငိုနေတာလည်
ဘယ်သူလုပ်တာလည်
ကိုယ်သွားသတ်ပစ်မယ်"
KAMU SEDANG MEMBACA
Loading.. [COMPLETE]
Fiksi Penggemarမင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုပ်တဲ့အထိရိုက်မယ်ဆိုတာယုံတယ်မလာကင်မ်ထယ်ယောင်း။ Jeon Jungkook ဂျွန်..ငါနဲ့ဝေးဝေးနေ မင်းကိုကြောက်တယ်။ Kim taehyung မင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုတ်တဲ့အထိရိုက်မယ်ဆိုတာယု...
Part-16
Mulai dari awal
![Loading.. [COMPLETE]](https://img.wattpad.com/cover/315002051-64-k572191.jpg)