အသက်ငယ်သောကြောင့်
လုပ်ငန်းဝင်စကတည်းက
ရှယ်ယာရှင်များက CEOအဖြစ်
လက်ခံဖို့ကန့်ကွက်ခဲ့ကြသော်လည်း
အလုပ်သင်ရင်းတစ်ပတ်ခန့်အတွင်းမှာပင်
  ဂျောင်ကု၏အရည်အချင်းကို
  မျက်ဝါးထင်ထင်တွေ့လာကြတော့
  လက်ခံလိုက်ရသည်။

အစည်းအဝေးခန်းမမှာထိုင်နေသည်မှာ
နာရီဝက်ခန့်ရှိပြီး။
New projectအကြောင်း
ဆွေးနွေးနေကြသောလည်း
  စိတ်ကမရောက်။
   ယွန်ဂီပို့လိုက်သော
    ဗီဒီရိုတွင်သာ
    အတွေးကဇောက်ချအနည်ထိုင်နေသည်။

ဟိုမိန်းမက Honeyကို
ဘာပြောလိုက်တာလည်..
Honeyကရော
ဘာလို့တုန်လှုပ်သွားရတာလည်..
ဂျော်နီနဲ့ပတ်သတ်နေမှာအသေအချာပဲ..
ဘာပဲဖြစ်ဖြစ် အဲ့ဒီမိန်းမသေရမယ်!!

ဒုန်း!!!!

အတွေးလွန်သွားပြီး
မတ်တပ်ရပ်ကာ စားပွဲကိုထုချလိုက်တော့
အခန်းထဲကလူတွေအကုန်လုံးမှာသူ့ကိုကြောင်တောင်တောင်ဖြင့်ကြည့်ကုန်ကြသည်။

"အစည်းအဝေးဒီလောက်နဲ့တင်ရပ်မယ်"

စိတ်မပါတော့သည့်အဆုံး
အစည်းအဝေးအားရပ်ကာ
  ခန်းမထဲကထွက်ပြီး
  အိမ်သို့သာပြန်လာလိုက်သည်။

ကားမောင်းရသည်မှာလည်း
သောက်လုပ်တစ်ခု။
ဂျောင်ကုကားထက်ဆိုင်ကယ်စီးရတာကိုသာ သဘောကျတဲ့လူဖြစ်တာကြောင့်
ကားစီးရတာမကြိုက်ပေ။

​ခြံထဲသို့ကားအား ထိုးရပ်လိုက်ပြီး
တံခါးအား ဒုန်းကနဲမြည်အောင်
ဆောင့်ပိတ်လိုက်သည်။
အိမ်ထဲဝင်မည်လုပ်နေပေမဲ့
မြင်ကွင်းတစ်ခုက
သူ့အမြင်အာရုံကိုဆွဲဆောင်နေသည်။

ထိုအရာက ခြံထဲရှိအပင်လေးများကို
ပေါက်ဆိန်တစ်လက်ဖြင့်
  အကိုင်းအခက်များအား
  ရှင်းလင်းနေသည့်ဦးလေးကြီး။

ထိုဦးလေးနားလျှောက်သွားပြီး
အပင်ခုတ်နေသည်အား
ရပ်ကြည့်နေလိုက်သည်။
ခြံစောင့်ဦးလေးမှာ
သူ့ကိုမြင်တော့ပြာပြာသလဲဖြင့်
အရိုအသေပေးရှာသည်။

"ဦးလေးကြီးဘာလို့အပင်ရဲ့
အကိုင်းတွေကိုခုတ်နေတာလည်"

"ဒါက အမြင်ရှုပ်စေတယ်လေ
ကြည့်ရတာအမြင်ရှင်းသွားအောင်
ကျွန်တော်က ပေါက်ဆိန်နဲ့အကိုင်းတွေကိုရှင်းပေးရုံပါ"

Loading.. [COMPLETE]Where stories live. Discover now