ရင်ထဲနာခဲ့ရတယ်။မောင့်နှုတ်ခမ်းဖျားက ထွက်လာသည့် စကားလုံးတိုင်းကကျနော့်ကို နာကျင်စေခဲ့တာချည်းပင်။

မျက်ရည်တွေဝိုင်းလာသည့် မျက်ဝန်းလေး။
ထမင်းပန်းကန်လေးကိုကြည့်ရင်းနဲ့ပင်။

ဒါကို ရိပ်မိသည့် Yoongi က Taehyung လက်လေးကို လှမ်းကိုင်လေသည်။

" Tae...လျှော​က် မတွေးနဲ့လေ..."

" တောင်း...တောင်းပန်ပါတယ် Min...ခုနက
Taeလွတ်ခနဲဖြစ်သွားတာပါ..."

" Taeအရင်က အကြောင်းတွေတွေးမိနေမှန်းကိုယ်သိပါတယ်...တောင်းပန်ဖို့မလိုပါဘူး..."

" အမြဲ Tae ကိုနားလည်ပေးလို့ ကျေးဇူးပါ Min...
ပြိုလဲကျခါနီးအချိန်...အကုန်လုံးကိုလက်လျော့မိခါတဲ့အချိန်တွေမှာ Min ရဲ့နွေးထွေးတဲ့မေတ္တာတွေက အဖိုးမဖြတ်နိုင်ပါဘူး...ရင်ထဲကိုနွေးထွေးစေတယ်...Tae ကို​စိတ်ညစ်စရာအတွေးတွေထဲကနေအမြဲဆွဲထုတ်ပေးခဲ့တယ်..."

" အသဲငယ်...Tae က ကိုယ့်ရဲ့အရာရာပါပဲ...
ကိုယ့်ရဲ့ဘဝကိုအသဲငယ်ပိုင်ဆိုင်နေလေပြီ..ကိုယ့်ရဲ့နေ့ရက်တွေတိုင်းမှာရော အချိန်တိုင်း နာရီတိုင်း
မိနစ်တိုင်း စက္ကန့်တိုင်းမှာ အသဲငယ်သာစိုးမိုးနေခဲ့တာပါ..."

Taehyung ဝမ်းသာမျက်ရည်၊ပီတိမျက်ရည်တို့
ကြားအပြုံးလေးတို့ဖြစ်တည်လာသည်။

Yoongi လက်လေးကိုနမ်းလိုက်ရင်း...

" ချစ်မြတ်နိုးတယ် Min ထာဝရပါ..."

" အသဲငယ်က ကိုယ့်ရဲ့ဘဝလေးပါ..."

မနက်စာထမင်းဝိုင်းလေးက အစနွေးထွေးစေသည်။
တစ်ဦးနှင့်တစ်ဦး ချစ်မြတ်နိုးရင်း အရာအားလုံးဟာ ပျော်ရွှင်စရာတွေသာပြည့်နှက်နေလေသည်။

-
-
-

မီနူးစာအုပ်လေးကိုင်ကာ တစ်အုပ်လုံးဟိုဒီလှန်ဖတ်နေပေမဲ့ အကြိုက်ကမတွေ့ပြန်။
အချိုတစ်ခုခုစားချင်တယ်ဆိုတာကြောင့်
ဒယ်ဂူမြို့၏ အအေးနှင့်ကိတ်မျိုးစုံရောင်းသည့် ဆိုင်လေးကို ခေါ်လာပေးခဲ့ခြင်း။

သို့သော် နှုတ်ခမ်းလေးထော်ကာအလိုမကျဖြစ်နေလေသည်။

" ဘယ်တစ်ခုစားချင်တာလဲ အသဲငယ်... မီနူးဖတ်နေတာကြာနေပြီလေ...ကိုယ်ရွေးပေးရမလား..."

ဦးငယ်~(Completed)Where stories live. Discover now