Tae ကိုအမြန်ဆုံးကျနော့်အနားစိတ်အေးအေးနဲ့
ခေါ်ထားချင်သည်။သတင်းတချို့လည်းကြားနေတော့ စိတ်မအေးရ။Jungkook က Tae ကိုအသေအလဲလိုက်ရှာနေတယ်လေ။

ကျနော့်ထက်ပိုအမြန်လက်ထပ်ချင်သူကတော့
အသဲငယ်လေးကပေါ့။ဒါကြောင့်သာ လောလောနှင့်မြန်မြန်လက်ထပ်ခဲ့တာပင်။

Taehyung ကုတင်ပေါ်မှထလေသည်။
ဆံပင်လေးကိုထိုးဖွရင်း...

" Tae ရေချိုးတော့မယ်...Min မနက်စာလုပ်ထားတော့နော်...ရေချိုးပြီးတာနဲ့တန်းစားမှာ..."

" ဟုတ်ပါပြီဗျာ...ကိုယ့်ရဲ့အသဲငယ်..."

" အဲ့လိုမခေါ်ပါနဲ့ဆို Minကလည်း..."

" အသည်းယားလို့လေ..."

" ဟာဗျာ...Min က ဘာမှန်းမသိဘူး..."

မျက်နှာလေးရဲသွားကာရေချိုးခန်းထဲ မျက်လုံးလေးနှစ်ဖက်ကိုပွတ်ရင်း လုံးလုံး လုံးလုံးနှင့်ဝင်သွားလေသည့် Taehyung...

Yoongi ပြုံးရင်းသာကျန်ခဲ့သည်။
သူသည်မှာလည်း Taehyung ဘာလုပ်လုပ် အမြဲပြုံးနေတတ်သူ။

အိပ်ယာကိုပြင်ဆင်ပြီး အခန်းထဲမှထွက်သွားလေသည်။
မီးဖိုခန်းထဲသို့ပင်။မြတ်နိုးရသူလေးအတွက်
မနက်စာပြင်ဆင်ပေးရတိုင်း ကြည်နူးပီတိဖြစ်
ရသည့် ခံစားချက်က ဘာနဲ့မှမလဲနိုင်။

ခနအကြာ ချက်ပြုတ်ပြင်ဆင်ထားသည့်
မနက်စာဝိုင်းလေးတွင် ပျော်ရွှင်နေကြသည့်
Yoongi နှင့် Taehyung...

" စားလို့ကောင်းရဲ့လား...ကိုယ် Tae အကြိုက်တွေချည်းပဲ ချက်ပြုတ်ထားတာ..."

"Min ရဲ့ဟင်းချက်လက်ရာကတော့ ပြောနေစရာကိုမလိုတာ...လုံးဝကောင်းတယ်...Tae လည်း
Min စီကသင်ထားမှရမယ်...အရင်က Tae
ဟင်းချက်ရင် တစ်ယောက်သောသူက... "

မျက်နှာမှအပြုံးလေးက ပျောက်ကွယ်သွားလေသည်။စားလက်စ ဇွန်းလေးကိုချထားလိုက်သည်။

အရင်က အကြောင်းအရာတွေကမေ့ပျောက်နေသည့် အာရုံတွေထဲတိုးဝင်လာခဲ့သည်။

ကျနော်စေတနာနဲ့သေချာချက်ပြုတ်ပေးတိုင်း
အပြောအဆိုခံရသည်။စားပွဲပေါ်မှ ထမင်းဟင်းအကုန်မောက်ပစ်ပြီး 'ခွေးစာ' လို့ အပြောခံခဲ့ရဖူးတယ်။

ဦးငယ်~(Completed)Hikayelerin yaşadığı yer. Şimdi keşfedin