"အတွင်းရေးမှုးကင်မ်ရော ပါမလာဘူးလား"

"ဒီနေ့ သူခွင့်ယူထားတယ် "

"အော် ဟုတ်ကဲ့..ဒီနေ့ လုပ်ငန်း သုံးဆယ်ကျော်က စာတွေရောက်နေပါတယ် ကုန်ပစ္စည်းမူကြမ်းတွေပါ"

"ဗျာ..များလှချည်လား မန်နေဂျာ"

"ဟုတ်ပါတယ် စီအီးအို..သူတို့က အပြိုင်အဆိုင် လာကမ်းလှမ်းကြတာပါ..ဒါတောင်ကျန်သေးတယ် ...အဲတာ စီအီးအို ပြီးတာနဲ့ သူတို့ကို ကျွန်တော်အကြောင်းပြန်ပေးရမာမို့"

"အင်းပါ..ပေး..ကျွန်တော် ကြည့်စီစဉ်လိုက်မယ် .သွားလို့ရပါပီ ဒီနေ့အပြီး လုပ်ပေးမယ်"

"ဟုတ်ကဲ့ "

မန်နေဂျာ လီ ခေါင်းငုံ့အရိုအသေပေးကာ ထွက်သွားသည်။ဂျောင်ဂုတို့ Jeon Group ကုမ္ပဏီ က အသုံးအဆောင်ပစ္စည်း စားသောက်ကုန် ဆေးဝါး အတွက်ကုန်ပစ္စည်းတွေ ဘက်စုံထုတ်တဲ့ ကုမ္ပဏီဖြစ်သည်. တစ်ဖက်ကုမ္ပဏီက ကုန်ပစ္စည်း မူကြမ်းသာ ဆွဲပေးရသည်.အရည်အသွေး ကောင်းမကောင်းက ဂျောင်ဂုတို့ ရွေးချယ်ရသည်.သဘောမကျရင် သဘောမကျသလို ပြတ်ပြတ်သားသား အကြောင်းပြန်ရသည်.သူတို့ထုတ်တဲ့ ကုန်ပစ္စည်း တိုင်းကို လူတိုင်းသဘောကျသည်.Top 1ဖြစ်နေသည်က တစ်ကြောင်း ခေတ်မီသည်က တစ်ကြောင်းဆိုတော့ ပူးပေါင်းချင်ကြတဲ့ ကုမ္ပဏီတွေ များသည်။

"ဟင်း..အောင်မြင်နေရတာလဲ မလွယ်ပါလား..အောင်မြင်လေ အလုပ်များလေ..ဟူး..ထယ်ကလဲ ဒီနေ့မှ ခွင့်ယူရတယ်လို့..."

ဂျောင်ဂု စာရင်းတွေကြည့်ကာ သက်ပြင်းချနေလေသည်။ဂူဂူလေးကတော့ ၀န်ထမ်းတွေနဲ့ ပြုံးလို့ရွှင်လို့ တစ်ယောက်ပီးတစ်ယောက်နှုတ်ဆက်နေသည်။

"ဂူဂူရေ အဝေးကြီးမသွားနဲ့နော် ဒယ်ဒီအလုပ်လုပ်လိုက်အုံးမယ်"

"ဟုတ်ကဲ့..ဒယ်ဒီ"

ဂျောင်ဂု တစ်ယောက် ခုံပေါ်ထိုင်ကာ အလုပ်စလုပ်တော့သည်။ခနကြာတော့ အစ်ကိုဟိုဆော့ အထုပ်တစ်ထုပ်ဆွဲကာ ဂျောင်ဂုအခန်းထဲ၀င်လာသည်။

"ဂျောင်ဂု"

"အာ..အစ်ကို...မတွေ့တာကြာပီနော်"

"အင်း...ဒီရက်ပိုင်း ဟိုတယ်မှာ အလုပ်ရှုပ်နေလို့ ...အော် ဒါနဲ့လေ ဒီမှာ"

မောင့်မူပိုင်💜 (Completed)Where stories live. Discover now