"ဂူဂူရေ..ဦးငယ်တို့ ဘောလုံးကန်ကစားကြမယ်..ဦးငယ်က ဂိုးတိုင်မှာ ဘောလုံးဖမ်းမယ်..ဂူဂူက ဟောဟိုနားကနေ ဘောလုံးထားပြီး ဂိုးပေါက်ထဲ၀င်အောင် ပြင်းပြင်းကန်လိုက် "

"ဟုတ်...ဦးငယ် ..သိပြီ"

ဂူဂူ ဘောလုံးလေး ယူကာ ရှေ့က မြက်ခင်းပြင်လေးမှာ ထားပီး ကန်လိုက်တော့ ဂိုးပေါက်ထဲ၀င်သွားသည်။

"ရေးးး...ဟေးဟေး..၀င်သွားပီ"

"ဂူဂူလေးက တော်လိုက်တာကွာ..ဦးငယ်ဖမ်းချိန်တောင်မရလိုက်ဘူး"

"ဟီးဟီး..ကဲ ..နောက်တစ်လုံး"

ဂူဂူတို့ ကစားနေကြတာကို ဂျွန်ကတော် မနီးမဝေးက တစ်နေရာလေးမှာ ရပ်ကြည့်နေသည်။ ဒါကို ဂျောင်မင် ရိပ်မိတော့

"အာ...ဂူဂူ ..ဦးငယ် ..အိမ်သာတက်ချင်လာလို့...ခနသွားလိုက်အုံးမယ်နော်..ပြန်လာခဲ့မယ်"

"ဟုတ်..မြန်မြန် ပြန်လာခဲ့နော်...ဂူဂူ စောင့်နေမယ်"

ဂျောင်မင် အိမ်ထဲ၀င်ကာ တစ်နေရာကနေ ချောင်းကြည့်နေတော့သည်။ဂူဂူလေးတစ်ယောက်တည်းကစားနေတော့ ဂျွန်ကတော် ရောက်လာသည်။

"ဘာလုပ်နေတာလဲ ဖွားမြေးလေး"

"ဟယ်...ဖွားဖွား..မဂ်လာပါ ဖွားဖွား..သားသား ဘောလုံးကစားနေတာပါ"

"အိုက်ဂူး...ဖွားမြေးလေးက ချစ်ဖို့ သိပ်ကောင်းလိုက်တာ ..လာပါအုံး..ဖွားဖွားဆီ"

"ဟုတ်ကဲ့"

ဂျွန်ကတော် လက်နှစ်ဖက်ရှေ့ထုတ်ကာ ပြောတော့ ဂူဂူလေး မရဲတရဲနဲ့ လျှောက်လာသည်။

"ဖွားဖွားကိုကြောက်နေတာလား ဂူဂူ..မကြောက်ပါနဲ့နော်...ဖွားဖွားက ဂူဂူကို သိပ်ချစ်တာ"

"ဟုတ်..ဖွားဖွား..ဂူဂူပျော်တယ် "

ဂျွန်ကတော်... ဂူဂူရဲ့ပါးလေးနှစ်ဖက် မွှေးကြူကာ ပွေ့ဖက်ထားလိုက်သည်။ဒါကို အောက်ထပ်က ဂျောင်မင်ရော .အပေါ်ထပ်က ဂျောင်ဂုနဲ့ထယ်ယောင်းတို့ ချောင်းကြည့်နေကြသည်။ခုလိုပုံရိပ်မျိုးမြင်တော့လဲ ပြုံးလိုက်ကြတော့သည်။

"မောင်...မေမေက ဂူဂူလေးကို သိပ်ချစ်တာပဲ့နော် ထယ် ယုံတောင်မယုံနိုင်ဘူး"

မောင့်မူပိုင်💜 (Completed)Where stories live. Discover now