" ဒီအစုတ်အပျက်က ငါ့ဘဝကိုချုပ်နှောင်နေတာ!...ဘာမဟုတ်တဲ့ ဒီလက်စွပ်ကလေ!..."

လွင့်စင်သွားသည့် လက်စွပ်လေးကို အသန်အသန်ပြေးကောက်သည့် Jungkook...

သူငိုရင်းနှင့် အရူးတစ်ယောက်လိုဖြစ်နေလေသည်။

Taehyung စားပွဲပေါ်မှကွာရှင်းစာချုပ်ကိုပြန်ယူကာ အိတ်ထဲထည့်နေသည်။

လှည့်ထွက်ဖို့လုပ်နေသည့် ခြေလှမ်းတွေ
လက်စွပ်လေးကိုပြန်ယူလာရင်း လက်လေးကိုလှမ်းဆွဲလေသည်။

" အဲ့လိုမျိုးမလုပ်လိုက်ပါနဲ့ ဦးငယ်...ဒီလက်ထပ်လက်စွပ်က မောင့်ဘဝလေ...ဦးငယ်စီပုံအပ်ထားတာပါ...ကျေးဇူးပြုပြီး မချွတ်ပစ်ပါနဲ့...မောင့်ရဲ့ ဘဝလေးကို မစွန့်ပစ်လိုက်ပါနဲ့လား..."

ကျနော့်လက်ကိုအတင်းဆုပ်ကိုင်ကာ ပြန်ဝတ်ပေးဖို့လုပ်နေသည်။

" လက်ထပ်လက်စွပ်ဆိုတာမျိုးက ကတိသစ္စာတည်ထားတဲ့ အရာမျိုး...မင်းဘက်ကအရင် ကတိတွေကိုချိုးဖောက်ခဲ့တာလေမှတ်မိတယ်မဟုတ်လား...အေး...အခုငါ့ဘက်က မင်းနာမည်နဲ့ချည်နှောင်ထားတာတွေကို ဖြတ်တောက်လိုက်ပြီ..."

" ဦးငယ်...ဦးငယ်... ဝတ်ထားပေးပါ...ဦးငယ်ကမောင့်အပိုင်လေ..."

ဇွတ်တရွတ်နိုင်နေပြန်သည်။ကျနော့်လက်သကြွယ်ကို အတင်းကိုင်ထားရင်း လက်စွပ်ဝတ်ပေးဖို့လုပ်နေသည်။
လက်ချောင်းတွေက နာကျင်လေပြီ။

" Jeon Jungkook!!! ..."

ဖြန်း!....

Taehyung Jungkookပါးပြင်ကိုအရှိန်ဖြင့်ရိုက်ပစ်လိုက်သည်။

ကျနော်လုံးဝသည်းမခံနိုင်တော့ချေ။
သူယိုင်ကျကာပြုတ်ကျသွားသည်။

" ဦး...ဦးငယ်..."

ဝေဝေဝါးဝါးပုံရိပ်။ ဦးငယ်ထွက်သွားနေပြီ။
လိုက်တားမှရမယ်။

Jungkook အတင်းအားယူထဖို့လုပ်ပေမဲ့ မရခဲ့။

မူးဝေနေတယ်။ကိုယ်ခန္ဓာက လှုပ်ရှားဖို့တောင်ခက်လေပြီ။ခေါင်းတွေထိုးကာကိုက်ခဲလာသည်။

" ဦးငယ်...ပြန်...ပြန်လာပေးပါ..."

ခြံအပြင်ကို ပြေးထွက်သွားသည့် Taehyung...
အဝတ်အစားတွေဖရိုဖရဲဖြစ်နေလေသည်။

ဦးငယ်~(Completed)Where stories live. Discover now