6.3K 535 33
                                    

အပိုင်းတစ် လှပလွန်းသော အမျိုးကောင်းသားများ စုစည်းခြင်း

"မင်းတို့တွေ Season 4 of Red and Blue Signal ရဲ့ teaserကို ကြည့်ပြီးကြပြီလား။ ဒီနေ့ခေတ်မှာ မှိုလိုပေါက်နေတဲ့ variety show ပုံစံအနေနဲ့ဆိုရင် ဒီလောက် ပြင်းထန်တဲ့ အဖွင့်ပုံစံက အရမ်း လေးနက်လွန်းရာ မကျဘူးလား"

"သူတို့တကယ်ပဲ ဒီအဖွဲ့ရဲ့ ဆက်ဆံရေးအကြောင်း ရိုက်ကူးကြမှာလား။ ကျော်ကြားမှုနဲ့ ေြ ပာင်းပြန်အချိုးကျမှာတော့ မဟုတ်ပါဘူးနော်"

"တကယ့်ပုဂ္ဂိုလ်ကြီးတွေအတွက််တော့ မုန်တိုင်းတိုက်သလိုပါပဲ။ ကောင်းလိုက်တာ။ ငါရဲ့ အာရုံကို ဆွဲဆောင်နိုင်သူရှိရင်တော့ ရအောင်ယူမယ်ဆိုတဲ့ ပုံစံမျိုးတွေပဲ"

(နီပြာဆိုပေမဲ့ ကုံးကို အရှေ့က ထားချင်လို့ ပြာနီလိုက်မယ်)

ပြာနီ သကေ်တ က  စတားတီဗွီက စီစဉ်ရိုက်ကူးပြီး စတားတီဗွီနက်​ေဝါ့မှာ ထုတ်လွှင့်မယ့် အမျိုးသားများကြားက ချစ်ရေးချစ်ရာ အကြောင်း၊ ချိန်းဆိုမှုများအကြောင်း ရိုက်ကူးပြသသော variety show ဖြစ်တယ်။
ရှိုးအဖွဲ့က သူတို့ရဲ့ ကြည့်ရှုနှုန်းကို ဒဏ္ဍာရီတွင်လောက်အောင် မြင့်လာစေချင်ပြီး  ကြည့်ရှုသူများရဲ့ အလှတရားကို ဆာလောင်မှုကိုလည်း ကြောက်ရတဲ့အတွက် ဒီတစ်ခေါက် seasonအသစ်ထွက်ဖို့ နှစ်နှစ်နီးပါး အချိန်ယူခဲ့တယ်။ ဒီတစ်ချိန်မှာ အဆင့်မြင့်တင်ဖို့အတွက် ပြည်ပမှာပဲ ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

Teaser ထွေလာကို ရှိုး တရား၀င် မစတင်ခင် နှစ်ရက်အလိုမှာ စတင် ထုတ်ပြခဲ့ပြီး ဧည့်သည်များအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ကင်မရာများကို စတင် အလုပ်ပေးကာ ဧည့်သည်တစ်ယောက်ပြီးတစ်ယောက် ပေါ်လာတဲ့ ပုံစံ ရိုက်ကူးတယ်။

ပြည်သူတွေ ဧည့်သည်တွေရဲ့ ထင်ရှားတဲ့ နောက်ခံတွေထက် ရှိုးရဲ့ အဆင့်မြင့် အိမ်ယာများ၊ အဆင့်မြင့် ကားများကြောင့် အဆင့်မြင့်လွန်းတဲ့ လူနေမှု၀န်းကျင်တွေကို ကြည့်ပြီး အံ့သြကြရတယ်။ အဓိကအားဖြင့် အမျိုးသား ဧည့်သည်များရဲ့ ရုပ်ရည်ကတင် ပြည်သူလူထုကို မျက်လုံးများ တောက်ပစေခဲ့တယ်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲOù les histoires vivent. Découvrez maintenant