Jungkook မတ်တပ်ရပ်လိုက်ရင်း ဗီဒိုစီသို့ဦးတည်သွားလိုက်သည်။

ခရီးဆောင်အိတ်လေးကိုထုတ်ကာ Taehyung အဝတ်အစားတွေကိုထည့်နေသည်။

" မောင်...ဘာ...ဘာလုပ်မလို့လဲ..."

ဘာမှဆက်မပြောအဝတ်အစားသုံးလေးစုံလောက်ကိုထည့်ပြီး အိတ်ကိုပိတ်လိုက်သည်။
ကျနော့်မျက်နှာကိုမကြည့်ဘဲ လက်မောင်းရင်းကနေ အကြမ်းအတမ်းဆွဲကိုင်ကာ အခန်းထဲမှ ခေါ်ထုတ်သွားသည်။

" မောင်....မောင်....ဦးငယ်လက်နာနေပြီ... "

ခြံထဲထိရောက်လာခဲ့သည်။

နောက်တော့ ခြံတံခါးကိုဆွဲဖွင့်ကာ
ကျနော့်ကို အပြင်လမ်းမပေါ်တွန်းချသည်။

ခရီးဆောင်အိတ်လေးကိုလည်း ပစ်ပေးသည်။

အခုမောင်က ကျနော့်ကို မောင်းထုတ်နေတာလား။

Taehyung မျက်နှာငယ်လေးဖြင့် ခက်ထန်နေသည့် Jungkook မျက်နှာကိုမော့ကြည့်သည်။

မျက်ရည်တွေနဲ့ မျက်ဝန်းလေးက နာကျင်နေမှန်းမြင်တဲ့သူတိုင်း သိကြမည်။

" မောင်..."

အသံလေးတိုးဝင်သွားသည်။

" မောင်ပြောတာတွေကို နားမထောင်တော့ဘူးဆိုရင်...ဦးငယ်ကို မောင်စွန့်ပစ်ရလိမ့်မယ်..."

ကျနော့် ကမ္ဘာလေးပြိုလဲသွားရသည်။
မကြားချင်ဆုံးစကားလေးတစ်ခွန်းက မောင်နှုတ်ခမ်းဖျားကနေထွက်လို့လာခဲ့သည်။

" မောင်...ဘယ်လိုပြောလိုက်တယ်...ဦးငယ်ကို စွန့်ပစ်မယ်?..."

" အင်း...မောင့်ကိုစိတ်ပျက်အောင် ဦးငယ်လုပ်လွန်းတယ်...မဟုတ်ဘူးပြောနေတာကိုလည်း လက်မခံဘဲ ကလန်ကဆန်လုပ်လွန်းတယ်..."

မောင်စွန့်ပစ်ရင် ကျနော်သေလိမ့်မယ်။မောင်မရှိဘဲ ကျနော်မနေနိုင်ဘူး။

ခေါင်းတွင်တွင်ခါကာ ငိုနေသည်။

Jungkook အနား လေးဘက်လေးထောက်ကာတိုးသွားသည့် Taehyung...

" ဦး...ဦးငယ်တောင်းပန်ပါတယ်...မောင်ရယ်...
ဦးငယ်ကို မစွန့်ပစ်ပါနဲ့...ကျေးဇူးပြုပြီး မစွန့်ပစ်ပါနဲ့..."

ဦးငယ်~(Completed)Where stories live. Discover now