ဆံနွယ်တွေကို ဆောင့်ဆွဲလိုက်သည်။
လက်သွယ်သွယ်လေးက သန်မာသည့်လက်တစ်စုံကို ထုရိုက်နေသည်။

" လွှတ်!...ဦးငယ်နာနေပြီ...လွှတ်ပေး!..."

" နာတယ်?...အော်...ဒီဆံပင်တွေဆွဲထားလို့ နာ
နေတာကိုပြောတာလား..."

ပိုတိုးလို့ ဆွဲထားသည်။
မောင် ဒေါသထွက်နေတာကို ကျနော်ကြောက်တယ်။တခြားလူတစ်ယောက်လိုပြောင်းလဲသွားတာ။

" မောင် မဖောက်ပြန်ပါနဲ့...အဲ့ဟာမက ဘယ်လိုတောင်ဆွဲဆောင်ထားလဲ ဦးငယ်မသိပေမဲ့
မောင် လုပ်ရက်ကမှားနေတယ်!..."

ဖြန်း!....

" စကားကိုအသံမြင့်ပြီးပြောနေတယ်ပေါ့လေ Jeon Taehyung!..."

ထပ်ကာအရိုက်ခံလိုက်ရပြန်သည်။
ကျနော့်နှလုံးသားလေး ပိုနာကျင်ရပြန်သည်။
နာမည်ကိုလည်းထပ်ခေါ်ပြန်တာ။

" မောင်...ဦးငယ်ကို...ခုန...ခုနက ဘယ်လိုခေါ်လိုက်တယ်..."

အသံတိတ်နေတော့...

" ဦးငယ်လေမောင်...မောင်အရမ်းချစ်တဲ့ ဦးငယ်လေ...Jeon Taehyung လို့ မခေါ်ပါနဲ့မောင်ရယ်...ဦးငယ် အရမ်းနာကျင်ရလို့ပါ..."

" မောင့်ကိုစွပ်စွဲနေတာလေ...မောင်က မဟုတ်ဘူးပြောရင် လက်ခံလေ...ဘာတွေအတွန့်တက်နေရတာလဲ!..."

" လက်ခံရမဲ့အကြောင်းအရင်း ရှိမှ ဦးငယ်က
လက်ခံ​မှာ လေ!...အခုက မောင်လိမ်နေတာ အသိသာ ကြီးလေ!..."

ဖြန်း!...

လက်ပြန်ရိုက်လိုက်သည်။နှုတ်ခမ်းထောင့်လေးက ပေါက်သွားသည်။
ငန်ကျိကျိအရသာတွေက ပါးစပ်ထဲဝင်လာတော့မှ သတိထားမိသွားသည်။

သွေးတွေထွက်နေတာပင်။

" အသံကို နှိမ့်ပြောလေ!...ဦးငယ်ကဘာကိစ္စနဲ့ မောင့်ကို အော်နေရတာလဲ!..."

" လွှတ်လို့ပြောနေတယ်လေ...ဦးငယ်က မောင့်အမျိုးသားပေမဲ့ မောင့်ထက်အသက်ကြီးတယ် နည်းနည်းပါးပါးတော့ လေးစားသင့်နေတယ်!...
နောက်ပြီး နောက်ကွယ်မှာ မောင်အပျော်ရှာနေတာတွေရပ်သင့်ပြီ!..."

" မောင့်ကို ထပ်စွပ်စွဲနေမှာလား ဦးငယ်..."

" အမှန်တိုင်းဖွင့်ပြောတာပဲ ဦးငယ်လိုချင်တာ..."

ဦးငယ်~(Completed)Where stories live. Discover now