" ခများ ကျွန်တော့အိမ်ထဲကို ခွင့်ပြုချက်မရပဲ ဘယ်လိုဝင်လာခဲ့တာလဲ … သားလေးက တံခါးသော့ခပ်ထားရင် မဖွင့်ပေးတတ်ဘူး "

" တကယ်တော့ အမလီကမင်းတို့ကိုစောင့်ရှောက်ပေးဖို့ မနေ့ကတည်းက ကိုယ့်ဆီကို သော့ပေးခဲ့တာ … ကိုယ့်ရဲ့အိမ်သစ်တက်ပွဲအနေနဲ့ ဘေးအခန်းတွေကိုမုန့်လိုက်ပေးရင်း မင်းအခန်းတံခါးကိုခေါက်တော့ မင်းကလာမဖွင့်တာနဲ့   ကိုယ့်ဘာသာသော့ဖွင့်ပြီး ဝင်လာခဲ့လိုက်တယ် … သားလေးကလဲ ဗိုက်ဆာနေတယ်ပြောတော့ ကိုယ်လဲ မနက်စာပါတစ်ခါတည်းပြင်ပေးနေတာလေ "

ဧကရာဇ်ရဲ့စကားတွေက သဘာဝကျနေ၍ မုဒြာလဲပြဿနာမရှာတော့ပဲ လက်ခံလိုက်တော့သည် ။

" ခများ နောက်တစ်ခါဆို အသိပေးပြီးမှဝင် … ကျွန်တော့ကို လန့်အောင်မလုပ်ပါနဲ့  "

" ကိုယ်သတိထားပါ့မယ် … မင်းကိုလန့်အောင်မလုပ်တော့ပါဘူး  … ခုတော့ကိုယ်တို့ပြင်ထားတဲ့မနက်စာကို အတူစားရအောင် ခုံပေါ်မှာသွားထိုင် "

မုဒြာလဲ ထမင်းစားပွဲနားကခုံပေါ်ထိုင်လိုက်သည် ။ နွေးထွေးတဲ့ဒီခံစားချက်ကြောင့် ဧကရာဇ်အပေါ် သူ့ရဲ့တုန့်ပြန်မှုတွေကို နူးညံ့သွားစေသည် ။ ခနကြာတော့ သားအဖ ၂ ယောက် မနက်စာအတွက်ပြင်ဆင်ထားတာတွေကို ယူလာခဲ့ကြသည် ။

" ပါပါး … သားသားက ပါပါးအတွက် မုန့်လုပ်ထားတယ် "

သားလေးက သူကိုယ်တိုင်ပန်းပွင့်ပုံယိုစမ်းထားသည့်ကိတ်မုန့်အား မုဒြာရှေ့ချပေးလိုက်သည် ။ ထိုအခါ ဧကရာဇ်မောင်ကပါ အားကျမခံပေ ။

" မုဒြာ သားလေးက အပေါ်ကယိုတွေပဲပြင်ပေးတာ … အောက်ကမုန့်က ကိုယ့်ကိုမင်းသင်ပြထားတဲ့အတိုင်း ကိုယ်ကိုယ်တိုင်အကောင်းဆုံးဖုတ်ထားတာ … အရသာရှိလား စားကြည့် "

၂ ယောက်လုံးက မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေကြတော့ မုဒြာလဲ မုန့်ကိုယူကာ စားကြည့်လိုက်သည် ။ ချီးကျူးခံရဖို့ကို စောင့်မျှော်နေတဲ့ သားအဖ ၂ ယောက်ရဲ့ မျက်ဝန်းတွေက တောက်ပနေ၍ မုဒြာဘာပြောရမည်ပင်မသိတော့ပေ ။

ဧကရာဇ်ရဲ့လက်ရာက ထင်ထားတာထက်စားကောင်းနေ၍ မုဒြာအံ့ဩမိပေမဲ့ တည်ငြိမ်အောင်ထိန်းထားလိုက်ပြီး အဖြေပေးလိုက်သည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now