Part (5)

740 56 11
                                    


ဘွဲ့တစ်ယောက် ညက စိတ်မကြည်ဘဲ အိပ်မိတာကြောင့် မနက်ရောက်တော့ စိတ်ကသိပ်မလန်းချင် ထို့ပြင် သူရှေ့မှာ ထိုင်ပြီး ကော်ဖီသောက်နေတဲ့ စျာန်တို့ ဇနီးမောင်နှံကို ကြည့်ကာ ပို၍ပင် စိတ်မကြည်ချင်တော့ စားပွဲတွင်လည်း သူတို့သုံးယောက်သာ ကျန်သည် လူကြီးတွေကတော့ မနက်စာ အစောကြီး စားကြသော်လည်း လူငယ်တွေ ဖြစ်တဲ့ဘွဲ့တို့သုံးယောက်က မနက် ၈နာရီလောက်မှသာ မနက်စာ စားကြသည်

"စျာန် အကိုစျာန်တို့ ကျောင်းကို သွားပြီး အကျိုးသင့် အကြောင်းသင့် ပြောထားတယ် "

"ဟုတ်ကဲ့ အကို "

"ဒါဆို အကို သွားတော့မယ် အိမ်မှာ လိမ္မာနေခဲ့ ကိုယ်စျာန့်အတွက် စာအုပ်တွေ ဝယ်လာခဲ့မယ် ကိုယ်ပေးထားတဲ့ ဆေးတွေကို သေသေချာချာ သောက်ထား ဒါမှ ကလေးလေးက စျာန့်လို ချောမှာ " ဒေါနမောင် စျာန့်ခေါင်းလေးကို ပုတ်ကာ မှာတမ်းချွေပြီး ဆေးရုံသို့ သွားတော့သည်

စျာန်လည်း ဒေါနမောင်ကို ခြံပြင်သို့ လိုက်ပို့ကာ အိမ်ထဲပြန်ဝင်တော့

"စျာန် သားဖုန်းလာနေတယ် သားသူငယ်ချင်း အဲသိုတဲ့ ဟို ဟိန်းသုတ ကားတိုက်ပြီး ဆေးရုံတက်နေရလို့တဲ့ သားကို လှမ်းအကြောင်းကြားတာ "

"ဟုတ်လားကြီးစော ကျွန်တော် ဖုန်းပြန်ဆက်လိုက်မယ်"

စျာန်လည်း ဖုန်းပြောပြီး ဟိန်းသုတ တက်နေတဲ့ ဆေးရုံသို့ သွားရန် ပြင်သည် အခန်းသို့ ပြန်ကာ အဝတ်အစားလဲပြီး တက္ကစီငှားဖို့နဲ့ လူနာစာတွေ ဝယ်ဖို့ ပိုက်ဆံ အလုံအငှ ထည့်ကာ အောက်ထပ်ဆင်းလာတော့သည်

ဘွဲ့ အောက်ထပ်ကို ဆင်းလာတဲ့ စျာန့်ကို ကြည့်လိုက်တော့ အပြင်သွားတော့မည့်ပုံပင် ဘွဲ့လည်း သူဘာကို ထိုင်စောင့်နေလဲ သူနားမလည်နိုင် ဒေါနမောင်ထွက်သွားတုန်းကနေ သူခုထိ စားပွဲကနေ မထရသေးပါ သူရုံးမသွားခင် စျာန့်မျက်နှာကို ကြည့်သွားချင်သေးသည် ဘာလို့ခုမှ အဲ့စိတ်တွေ ပေါ်လာလဲ သူမသိပါ

"အပြင်သွားမလို့လား " စျာန်သူ့ကို မေးသော ဘွဲ့အားကြည့်ကာ

"အင်း"

ARE YOU CHANGING.....[Uni & Zawgyi]Where stories live. Discover now