Never (ဘယ်တော့မှ) - Zawgyi 11

Start from the beginning
                                    

"အဟက်..အဟက် မင်းငါ့ကို ပေါ်တင်ကြီး Flirtနေတာလား"

"Flirtနေတာမဟုတ်ပါဘူး ကျွန်တော်ရဲ့ ဘဝလမ်းကြောင်းပေါ်ကို ဘဝလက်တွဲဖော်လေး တက်လာအောင် လမ်းခင်းနေတာပါခင်ဗျ"

"အဟား...ဟား..ငါက လမ်းများတတ်တဲ့သူဆိုတာ မင်းမသိဘူးလား"

ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ပြောပြီးရှေ့တက် တိုးချင်တဲ့ သူ့ရဲ့သဘောထားကို ရှောင်းကျန့်က ပြန်ပြီးစိန်ခေါ်တဲ့အနေနဲ့ စကား
လမ်းကြောင်း ကို ဆက်ပေးလိုက်တာပါ မင်းဘယ်လိုဆက်ပြောမလဲ

"အဲဒါ ကျန့်ကော လမ်းကောင်းကောင်းကို ရှာမတွေ့သေးလို့ လမ်းများနေရတဲ့ ကားလေးတစ်စီးလို ဖြစ်နေတာပါ ဒါကြောင့် ကျွန်တော်ခင်းတဲ့ လမ်းကို ရဲရဲကြီး တစ်ခေါက်လောက် မောင်းလာခဲ့ပါလား ကျန့်ကော"

"အလာကြီးပါလား ရိပေါ်ရဲ့ ငါက မင်းခင်းတဲ့လမ်းကနေ မောင်းနေတာဟုတ်ပါပြီ မောင်းနေရင်းနဲ့ တခြားလမ်းပေါ်ရောက်သွားရင်ရော
မင်းဘယ်လိုလုပ်မလဲ"

ဒီတစ်ခါတော့ ရိပေါ်ဖြေနိုင်မယ်မထင်ဘူး မောင်းသွားလည်း ဘယ်တတ်နိုင်ပါ့မလဲ လို့ ပြောရုံအပြင်စကားသူ့မှာရှိမှာ မဟုတ်ဘူး

"ကျန့်ကောက ကျွန်တော်ခင်းထားတာ သာမန်မြို့ထဲလမ်းလို့ထင်တာလား သာမန်လမ်းမဟုတ်ဘူး မောင်းကြည့် ပြိုင်ကွင်းက လမ်းလိုမျိုး ဘယ်လောက်မောင်းမောင်း ဒီကွင်းထဲကနေ သွေဖီသွားတာမျိုး မရှိဘူး ဒီ နှလုံးသားကွင်းပတ်လမ်းကနေ တခြားလမ်းကို ကူးလို့မရဘူး နှလုံးသားနဲ့ခင်းထားမှာမို့ နှလုံးသားရပ်ဝန်းမှာပဲ မောင်းနေရုံပဲ"

"အလာကြီးပါလား.... အဲလိုဆို ငါမောင်းရတာ ရိုးလာ မောလာမှာပေါ့"

"မောလာရင် ကျွန်တော့်ရင်ခွင်ထဲကို ပန်းဝင်လာခဲ့ပေါ့ ကျွန်တော်တစ်ဘဝလုံးကို ဆုလာဘ်အဖြစ်ပေးပါ့မယ်"

မထင်ရဘူး ရိပေါ်က သူ့ရဲ့ရည်းစားစကားကို အခုလိုမျိုးသွယ်ဝိုက်ပြီး ပြောတတ်လိမ့်မယ်လို့ ရှောင်းကျန့်ကိုယ်တိုင်ကလည်း ဒီကလေးကို သူများနဲ့ မတူတဲ့ ခံစားချက် ဆန်းဆန်းရှိနေတယ်ဆိုတာ သတိထားမိပြီးသားပါ ခင်မင်ခြင်းသံယောဇဉ်သာမက တက်မက်ခြင်းတွေရော အဆုံးရှုံးမခံနိုင်ခြင်းတွေက ဒီကလေးနဲ့မှဖြစ်တည်နေတာမို့ သူ့ဘက်ကနေ ဖြည်းဖြည်းချင်း မသိမသာဖွင့်ပြောသွားမယ်လို့ စိတ်ကူးထားပြီးသားပါ

NeverWhere stories live. Discover now