ကျနော်နဲ့ Jeon ကဘေးချင်းကပ်အခန်းလေး။

Jungkook သူ့လက်ထဲက ကတ်ပြားလေးနှင့် အခန်းကိုဖွင့်လေသည်။

ပွင့်ဟသွားသည့် အခန်းလေးနဲ့အတူ လက်ကောက်ဝတ်လေးကပါ ဆွဲခေါ်ခြင်းခံလိုက်ရသည်။

ကုတင်ပေါ် လှဲချကာ ကျနော့်အပေါ်မှအုပ်မိုးထားသည့် Jeon...

နှလုံးခုန်နှုန်းတွေက ပေါက်ကွဲမတတ်ကိုဖြစ်နေရသည်။
စူးရှပြီး အရည်တွေလဲ့နေတဲ့ မျက်ဝန်းတွေက ကျနော့်မျက်ဝန်းတွေကို ကြည့်နေသည်။

" Jeon..."

" ကိုယ်ရူးတော့မယ် Tae...မင်းအရမ်းပြုစားနေလွန်းတယ်..."

ကျနော့်ဆံနွယ်တွေထဲ တိုးဝင်လာသည့် လက်သွယ်သွယ်လေးတွေကြောင့် စိတ်တွေကလွတ်လာရတော့သည်။

" ဒါဆိုလည်း ဆေးမိနေတဲ့လူတစ်ယောက်လို
ငါ့အပေါ် ကျရှုံးလိုက်ပါ Jeon..."

ခပ်တိုးတိုးနှင့် အသံခက်အောအောလေးကြောင့်
Jungkook ကြက်သီးမွှေးညင်းလေးတွေပါထလာသည်။
ဒါကို မြင်တော့ Taehyung ဘက်မှစတင်ကာလည်တိုင်ကို နမ်းရှိုက်လေသည်။

" Jeon~..."

စိတ်တွေလွတ်သွားရတော့မည့်အခြေအနေတစ်ခု။
ကျနော့်စိတ်ကို Tae တမင်စမ်းသပ်နေတာ။
သူရဲ့မာယာကျော့ကွင်းထဲဝင်အောင်တမင်လုပ်နေသည်။

ခက်တာပဲငှက်ကလေးရယ်။
ကိုယ်က ငတုံးမှမဟုတ်တာ။

Jungkook သူ့အင်္ကျီထဲမှ သေနတ်ကိုထုတ်ကာTaehyung နထင်ကိုထိချိန်ထားသည်။

" Hello Blind Case..."

အံ့သြသွားခြင်းမရှိသည့် မျက်နှာလေး။
ထို့အပြင် ရယ်သံလေးပါကြားလိုက်ရသည်။

" ဒီလောက်အမြန်သိသွားမယ်လို့မထင်မိဘူး...
Zeha..."

" မင်းလေးက ကိုယ့်ကို မာယာထောင်ချောက်ထဲရောက်အောင်လုပ်နေတာပဲ..."

" အခုဘာဆက်လုပ်မလဲ...ငါ့ကို သတ်ပစ်မှာလား...ဒါမှမဟုတ် ငါကမင်းကိုသတ်ပစ်ရမလား..."

" သတ်ပစ်နိုင်မယ်ထင်ရင် သတ်ပစ်လိုက်လေ...
ငါကတော့ မင်းကိုမဖြစ်နေအသက်ရှင်လျက်တော့အလွတ်မပေးနိုင်ဘူး..."

Kim:Fall In Love With Criminals (Completed)Where stories live. Discover now