Part 3

95 19 6
                                        

Unicode

ဟင်းပန်ကန်တွေကို
စားပွဲပေါ်ချနေတဲ့
ကျဲဟန်ရဲ့လှုပ်ရှားမှုတွေကို
ကုန်းကျွင်းလိုက်ကြည့်နေသည်။
မျက်လွှာချလို့ လုပ်စရာရှိတာကိုလုပ်နေတဲ့ ကျဲဟန်သည်
ဟိုနေ့ကကိစ္စဖြစ်ပြီးကတည်းက
စကားသိပ်မပြောပေ။

အငွေ့တထောင်းထောင်းနဲ့
ဟင်းချိုပန်းကန်ကိုစားပွဲပေါ်အချမှာ
ဟင်းရည်ပူပူတွေသည်
ဘောင်ဘင်ခတ်ကာ
ကျဲဟန်ရဲ့ လက်ကိုသွားစင်သည်။

အပူဒဏ်ကြောင့် ချက်ချင်းရဲတက်လာတဲ့လက်ကို
ကုန်းကျွင်း ဆွဲယူလိုက်သည်။
သို့ပေမယ့် ကျဲဟန်သည်
အကိုင်မခံပေ။
ရုန်းကန်ပြီး ခြေတစ်လှမ်းနောက်ဆုတ်ကာ
သူ့ကို ဦးညွှတ်၍တောင်းပန်စကားဆိုလာသည်။
နောက်ပြီးသူမကြိုက်တဲ့
ထိုအသုံးအနှုန်းကိုလည်း သုံးသေးသည်။

"ကျန်းကျဲဟန် ခင်ဗျားဘာဖြစ်နေတာလဲ"

သူအော်တော့ ကျဲဟန်ရဲ့ပုခုံးနှစ်ဖက်သည်
အနည်းငယ်တုန်သွားသည်။

"ခင်ဗျား လိုက်ခဲ့"

ကျဲဟန်ရဲ့ လက်ကို
အကြမ်းပတမ်းဆွဲကာ
အပေါ်သို့တက်ခဲ့ပြီး အခန်းထဲပစ်ထည့်လိုက်သည်။
ပုခုံးနှစ်ဖက်ကနေကိုင်လို့ မျက်နှာချင်းဆိုင်လိုက်ပေမယ့်
မျက်လွှာချထားဆဲပင်..

"ကျွန်တော်ကိုကြည့်"

"ကျန်းကျဲဟန်
ကျွန်တော့်ကိုကြည့်လို့"

မော့ကြည့်လာတဲ့မျက်ဝန်းတွေမှာ
ကပ်သီနေတဲ့ မျက်ရည်စတွေကြောင့်
ကုန်းကျွင်းမျက်လုံးတွေကိုမှိတ်ပစ်လိုက်ပြီး
သက်ပြင်းချလိုက်သည်။

"ဟိုနေ့ကကိစ္စ
ကျွန်တော်တောင်းပန်ပါတယ်
ခင်ဗျားကကျွန်တော်နဲ့သက်ဆိုင်တယ်လို့
ပြောလိုက်ရင်
သူတို့တွေက ခင်ဗျားနဲ့ပတ်သက်ဖို့
ကြိုးစားလာမှာ
ခင်ဗျားဘေးမှာ ကျွန်တော်ကလွဲပြီး
တခြားသူရှိနေတာမကြိုက်လို့
တောင်းပန်ပါတယ်
စကားမပြောပဲမနေပါနဲ့ တစ်ခုခုပြောပါဦး"

"ကျွန်တော့်ကို စိတ်ဆိုးပြေပြီလား"

ခေါင်းလေးငြိမ့်ပြလာတဲ့
ကျဲဟန်ကိုသူဆွဲဖက်လိုက်တော့
နှာခေါင်းထဲဝင်လာတဲ့ ခေါင်းလျှော်ရည်နံ့သင်းသင်းကြောင့်
ပြုံးလိုက်မိသည်။

မောင့်နေကြာWo Geschichten leben. Entdecke jetzt