" ဦးငယ်ကို မောင်ပိုင်တယ်..."

ကျနော့်ခါးကိုတင်းကျပ်စွာဖက်ထားရင်း မောင်က ယောင်ယမ်းနေသည်။

အသာအယာလေးဖယ်လိုက်ကာလက်အောက်ကို ခေါင်းအုံးလေးထည့်လိုက်ရင်း အမြန်ကုတင်ပေါ်မှထလိုက်သည်။

ဆစ်ခနဲဖြစ်ကာနာကျင်သွားသည်ကြောင့် မျက်နှာလေးတစ်ချက်တွန့်သွားသည့် Taehyung...

ခြေသံကို ဖော့ကာရေချိုးခန်းထဲ ဝင်သွားခဲ့သည်။

မှန်အရှေ့ရပ်မိတော့ ကိုယ်ခန္ဓာကိုကြည့်ရင်း
မျက်ရည်တွေကျလာရသည်။

အမှတ်အသားတွေကို လက်ဖြင့်ပွတ်ကာဖျက်နေမိတယ်။
ကျနော်ကိုယ်ပေါ်မှာ ဒီလိုအရာတွေမလိုချင်ခဲ့။

ပိုရဲတက်လာသည့် အသားအရည်လေး။
ပွန်းပဲ့ကုန်တော့မည်။

Taehyung ရေပန်းကိုဖွင့်ကာရေချိုးကန်ထဲ
ထိုင်ချလိုက်သည်။

မျက်နှာကိုလက်ဖက်ဖြင့်အုပ်ကာအသံတိတ်ငိုကြွေးလေသည်။

ကျနော့်ဘဝကြီးက ဘာဖြစ်သွားခဲ့ပြီလဲ။
မိဘတွေသာရှိနေသေးရင် ကျနော်အခုလို
တခြားသူရဲ့ ဘဝထဲနေထိုင်ရမှာမဟုတ်ဘူး။
ကြိုးဆွဲရာကနေစရာလည်း မလိုသလို
မလုပ်ချင်တာ မဖြစ်ချင်တာကိုလည်း လက်ခံပေးရမှာမဟုတ်ခဲ့။

" လွမ်းတယ်...Appa...Omma...အရမ်းသတိရတယ်..."

Taehyung မိဘအရင်းတွေကို တမ်းတနေလေသည်။

မောင့်ရဲ့အချစ်တွေကို ကြောက်နေရသည်။
ငယ်ရွယ်တဲ့သူတွေရဲ့အချစ်ဆိုတာ ခနတာပဲလေ။
သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်ကြတာ။

ပိုင်ဆိုင်ချင်တာနဲ့ အချစ်ဆိုတာကို သေချာကွဲပြားသိကြမည်မထင်။

ကျနော်ကတော့ အချစ်ဆိုတာကို လုံးဝမခံစားဖူးခဲ့။

ဒေါက်....ဒေါက်....

" ဦးငယ်...ဦးငယ်..."

အခန်းတံခါးခေါက်သံကြားတော့ မျက်ရည်တွေကို ရေနဲ့အမြန်ရောချလိုက်ရသည်။

" ဦးငယ်ရေချိုးနေတုန်းမောင်... "

တံခါးဖွင့်ကာဝင်လာသည့် မောင်။
အဝတ်အစားတွေလည်း ကိုယ်ပေါ်ရှိမနေ။
မျက်နှာလွှဲလိုက်သည်။

ဦးငယ်~(Completed)Where stories live. Discover now