Part (1)

2.5K 94 5
                                    

သမာဓိ  စံအိမ်တော်

           ထိုစံအိမ်တော်ကြီးတွင် ကြီးမားလွန်းသော ပြသနာတစ်ခု ဖြစ်ပွားနေသည်။ ဧည့်ခန်းတွင်းရှိ လေထုသည် အေးစက်နေသည် ။ လူတစ်ယောက်မှ အသံတစိုးတစိမှ မထွက်ရဲပေ ။ ထိုအချိန် အေးစက်၍ ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်

"မင်းတာဝန် ယူကိုယူရမယ် ဘွဲ့ဂုဏ်ထူးရှိန် မင်းကြောင့် တစ်ဖက်သား နစ်နာသွားတာ တစ်ခဏ မဟုတ်ဘူး တစ်ဘဝစာ မင်းငါ့တို့ စံအိမ်ရဲ့ နာမည်ကို ကျဆင်းစေချင်နေတာလား ဟမ် မင်း စျာန်ကို တာဝန်ယူရမယ် သူ့ဗိုက်ထဲမှာ ရှိတဲ့ ရင်သွေးဟာ မင်းရင်သွေးလေ ငါပြောတာ ကြားလားကွ!"

ထိုအသံကား သမာဓိ စံအိမ်တော်ကြီးရဲ့ သခင်ကြီး တစ်နည်း မြန်မာ နိုင်ငံတွင် Top 1ဖြစ်သည့် Light Star Companyကြီး၏ ဥက္ကဋ္ဌ ဦး ဘွဲ့မဟာမောင်ပင် ဖြစ်သည်။

"ဘာရှင့် ! အဲ့အကောင် ကိုယ်ဝန်က ဘယ်ကဟာနဲ့ ရလို့ရမှန်း မသိတဲ့ဟာကို ကျွန်မ သားက တာဝန်ယူရမယ်ပေါ့လေ  ပြီးတော့ အဲ့အကောင်နဲ့ ကျွန်မသားက တစ်ခါဘဲ မှားမိတာလေ  ဒါတောင် ကျွန်မသားက ဆေးမိထားလို့ အဲ့အကောင် ကိုယ်ဝန်က သူ့သူငယ်ချင်း ဟိုနှစ်ကောင်နဲ့ ရတာရော မဖြစ်နိုင်ဘူးလား ဒါမှမဟုတ် ရှင့်မယားကြီးရဲ့သား ဒေါနမောင်နဲ့ရော ရတာ မဖြစ်နိုင်ဘူးလား"

ထိုသို့ စကားကြမ်းတွေနဲ့ ပြန်ခံပတ်​​​​နေသည်မှာ ဦးဘွဲ့မဟာမောင်ရဲ့ ဒုတိယမြောက် ဇနီး ဒေါ်မာနထွဋ်ခေါင်ပင်

ဧည့်ခန်းတွင်းတွင် အေးချမ်း တည်ငြိမ်သော အသွင်ကို ဆောင်ကာ နာမည်အတိုင်း အေးချမ်းလှသည့် ​သမာဓိ စံအိမ်ကြီး၏ သခင်မကြီး (ပထမ ဇနီး) ဒေါ်အေးချမ်းကို ၊အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် ဥပဓိရုပ်ခံ ကောင်းလှပြီး ပါဝါမျက်မှန်လေးထောင့်ကိုင်းကြီးနဲ့ လိုက်ဖက်စွာ ရှိနေသည့် ဒေါ်အေးချမ်းကို၏ သား doctor ဒေါနမောင်၊ ဒေါနမောင်ဘေးတွင် ရွှေလိုဝင်းသော အသားအရည် မဲနက်နေသော ဆံပင်ကို တိုတိုရှင်းရှင်း ညှပ်ထားကာ မျက်လုံးဝိုင်းဝိုင်း မျက်ခုံးမထူ့တထူ နှာတံလုံးလုံး ပါးဖောင်းဖောင်းနှင့် တည်ကြည်သော မျက်နှာဖြင့် ထိုင်နေသည်မှာ ဘွဲ့ဂုဏ်ထူးရှိန်၏ ရင်သွေးကို လွယ်ထားရသည့် စောစျာန်ရှိုင်းထက်ကို ပင် ဖြစ်သည် ၊စျာန်၏ အမေဖြစ်သူ ဒေါ်နန်းမူးအဲက မျက်ရည်လေး စမ်းတဝါးဝါးနဲ့ သူ့သားလက်ကို ကိုင်ကာ အားတင်းထားသည်

ARE YOU CHANGING.....[Uni & Zawgyi]Where stories live. Discover now