{အပိုင်း-၁}

Start from the beginning
                                    

"ဟာ..မေမေတို့ကလည်း.."

"ဟော..ရှက်သွားပီ လိုက်ချော့လိုက်ပါဦး သားရေ ပြီးတော့..မေမေတို့သဘောတူထားတဲ့ကိစ္စ သားတို့ချင်းမေးကြည့်လိုက်ပါဦး"

"ဟုတ်ကဲ့ မေမေတို့.."

အရောင်လွင့်နေပြီးဖြစ်တဲ့ ဟန်းဘော့ဂ်အညိုရောင် ဝတ်စုံလေးနှင့် နဖူးစည်းအညိုလေးကိုပါ တွဲဖက်ဝတ်ဆင်ထားသူသည် ဟွာရန်းလေးထက် ပို၍ရင့်ကျက်ပြီး လူကြီးဆန်သော်လည်း ထုတ်မပြဘဲ မိန်းကလေးငယ် ဆော့သလို၊ ပျော်သည့်အတိုင်း သူပါလိုက်၍ စီးမြောပေးသည်။
စာပေတတ်‌မြောက်သော မျိုးရိုးကဆင်းသက်လာသူမို့ စာပေကျမ်းဂန်တချို့ကိုတော့
ဂျောင်ငယ်လေးတတ်မြောက်ထားပြီးဖြစ်သည်။

ဟွာရန်းထွက်သွားသော တောလမ်းလေးအတိုင်း လက်နောက်ပစ်လျက် အေးအေးလူလူလိုက်သွားသော ကောင်လေးသည် ဟွာရန်းရဲ့ အစ၊ အလယ်၊အဆုံးကို ကောင်းကောင်း သိထားသည့်
ငယ်ကျွမ်းဆွေ ဆိုပါတော့။

"ထင်းရှူးပင်အောက်မှာ ဘယ်ကကောက်စိန်လေးပါလိမ့်..ထွက်ခဲ့ပါလေ"

"ဟွန့်"

"အိုမို..ခင်ပွန်းလောင်းကို ဒီလိုပစ်ခါရက်
လှချီလား"

သည်းမခံနိုင်တဲ့အဆုံး အပင်ခြေရင်းက ဆောင့်ကြောင့်ထိုင်နေ‌သော ဟွာရန်း ထလာကာ ကျီစားနေသူအား တောထဲက ဌက်တွေထပြန်သည်အထိ အော်ထည့်ပစ်လိုက်သည်။

"ကုကီး!!"

"နားပင်းပါပီ ရှင်မရယ်.."

"ကဲလှချီလား ဘယ်လိုဖြစ်နေတာလဲ"

"နင်ကရော မိဘတွေစီစဉ်တာသဘောတူလား ငါ့ဘက်ကတော့ အဟမ်း..အချိန်မရွေးဘဲ"

"အာပေတူး နှပ်ချီးဘေးဆွဲအရွယ်ထဲက ပေါင်းလာတဲ့သူငယ်ချင်းတွေကနေ ချက်ချင်း အိမ်ထောင်ဖက်တွေဖြစ်လာတာ မြန်လွန်းမနေဘူးလား..ပြီးတော့ နင်က
ငါကြိုက်တဲ့ပုံစံမျိုးမဟုတ်သေးဘူး"

ဒီတစ်ခါစနောက်နေသော ဂျောင်ဂု ဆက်ပြီး
မနောက်နိုင်တော့။ ဟွာရန်းစကားမှာ အတည်ဆိုတာကြောင့် စိတ်မကောင်းဖြစ်သွားဟန်ရှိသည်။

"ငါ့မှာ လိုအပ်ချက်ရှိလို့လား..စည်းစိမ်ဥစ္စာ
မချမ်းသာပေမဲ့ ငါက ‌အတတ်နိုင်ဆုံး.."

Boundary Of War Empire With LoveWhere stories live. Discover now