"သား ကြည့်ပါအုံး.....ဆယ်နာလေးမလှလာဘူးလား"

"အင်း ကြည့်ကောင်းပါတယ်"

စိတ်ထဲတွင်တော့ ထယ်လောက်မလှပါဘူး...ဟန်ဆောင်မိတ်ကပ်တွေနဲ့ ကြည့်ရဆိုးတယ်။

"ဂျွန်....ဆယ်နာ ကခုမှရောက်တာ ဘာမှမစားရသေးလို့ ဗိုက်ဆာနေတယ် ဆယ်နာကို မနက်စာလိုက်ကျွေးပါလားဟင်"

ချွဲနွဲကာ ရုံးပတေသီးလေသံနဲ့ပြောသည်။

"သားရေ ...ဆယ်နာ နဲ့လိုက်ခဲ့ပေးလိုက်အုံး မေမေ မန်နေဂျာလီကို ကုမ္ပဏီ ကိစ္စကြည့်ခိုင်းထားလိုက်မယ်"

"လာပါဂျွန်ရေ ...ဆယ်နာ ဗိုက်ဆာနေပီ"

ဂျောင်ဂု လက်မောင်းကိုင်ကာ အတင်းဆွဲခေါ်တော့ ဂျောင်ဂု ပါသွားတော့သည်။

"အော်...မနက်ဖြန် သားတို့စေ့စပ်ပွဲရှိတယ်နော်.."
.
ဂျွန်က‌ေတာ်အော်ပြောရင်းပြံုးကာကျန်ခဲ့လေသည်။တစ်ဖက်ခြမ်းတံခါး‌ေနာက်ကွယ်မှာ ကောင်လေးတစ်ယောက်ကြိတ်ငိုနေတာကို တော့ဘယ်သူသိမှာလဲ။သည်းခံပေးပါ ထယ် ကို့ကို ခနတော့အချိန်ပေးပါ ကိုယ်ထယ့်ကို လာခေါ်ပါမယ်....

နောက်တစ်နေ့ မနက်ခင်း....

"ဟယ်လို ...စီနီယာ ဟိုဆော့ ကျွန်တော်တို့ ခနနေရောက်မယ်နော် စောင့်နေပေး"

"အင်း...ဂျောင်ဂု ငါစောင့်နေမယ်"

အဲတုန်းက ဂျောင်ဟိုဆော့ ‌ကျောင်းတုန်းက ဂျောင်ဂုတို့ ရဲ့ စီနီယာအစ်ကိုဖြစ်သည်။

"သား ဒီနေ့ စောစောအလုပ်ဆင်းနော် ဆယ်နာတို့အိမ်သွားရမယ်"

"ဟုတ်ကဲ့ပါ မေမေ"

"လက်ထဲက အထုပ်က ဘာကြီးလဲ"

"အော် ..ဒါက ကုမ္ပဏီပစ္စည်းတွေပါ"

"အင်းအင်း စောစောပြန်ခဲ့"

ဂျောင်ဂု အထုပ်ဆွဲကာ ကားဆီသို့ထွက်လာသည်။

ဒီနေ့မှ ထယ်ကိုမပိုင်ဆိုင်ရရင်လဲ ကိုယ့်ပျော်ရွှင်မှုဆိုတာ မရှိတော့ပြီထယ်...

ကားပေါ်တက် ကားမောင်းထွက်လာသည်။

"ကင်မ်ထယ်ယောင်း ...ဒီနေ့သွားစရာရှိတယ် ငါနဲ့တစ်နေရာ လိုက်ခဲ့..."

မောင့်မူပိုင်💜 (Completed)Where stories live. Discover now