အပိုင်း(24)Un Zaw

Depuis le début
                                    

"အဲ့လိုမဟုတ်ပါဘူး

" နွေဦးပြန်တော့မယ် ကိုဟန်လိုအပ်တာရှိရင်ပြောနော်

"အင်း

နွေဦးပြောပြီး ထွက်လာခဲ့လိုက်တယ် သူကြီးက ကိုဟန်နေဖို့ဆိုပြီး ဆေးခန်းဘေးက လုံးချင်းအိမ်လေးကိုပေးထားတယ် ဆေးခန်းက ရွာဦးကျောင်းဘေးမှာဖြစ်ပြီးနွေဦးတို့စာသင်တဲ့ ကျောင်းဆောင်ရဲ့ဘေးမှာလဲဖြစ်တယ် ဆေးပေးခန်းကတော့ အုတ်တွေ ဖိလပ်မြေတွေ‌နဲ့ ဆောက်ထားတဲ့ တိုက်‌ခန်းငယ်တစ်ခု

" ‌အမလေး ဗျ နောက်ဆို စကားနားထောင်ပါမယ် အီးဟီး

" ပြသာနာရှာအုံးမလား

"မရှာတော့ပါဘူး။ဘုရား

တစ်ယောက်ယောက်ကို ဆရာတော်ဘုရားကရိုက်နေတဲ့အသံတွေကြားပေမဲ့ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ကြည့်မနေဘဲ ထွက်လာခဲ့လိုက်တယ်  ဆရာတော်ဘုရားက အရက်မူးပြီး ပြသာနာရှာတဲ့သူ ရန်ဖြစ်တဲ့သူ တွေသူဆီခေါ်ပြီးဆုံးမတက်တယ်လို့ ကြားထားတာမလို့အခုလဲ ခေါ်ဆုံးမနေတာဖြစ်သည်။

ကျောင်းရှေ့လဲရောက်ရော  ကျောင်းတံခါးကို မှီပြီးရပ်နေတဲ့ ဟိုအမူးသမားသူငယ်ချင်းနှစ်ယောက် လမ်းမှားပြီးများ ကျောင်းရှေ့ရောက်နေတာလားတော့မပြောတက်ပါ နွေဦးကိုမြင်တော့ ပြုံးပြပြီး နွေဦးဆီကိုလျောက်လာကြသည်။

" ဘယ်ကနေပြန်လာတာလဲဆရာလေး

ကိုယ်ကိုမေးနေတာမဖြေရင်လဲမကောင်းတာမလို့ နွေဦး ပြုံးပြလိုက်ပြီး

"ဒီနားကပါ ဒါနဲ့ မင်းတို့နှစ်‌ယောက်က ဒီမှာဘာရပ်လုပ်နေတာလဲ

နွေဦးထက်ငယ်တာမလို့ မင်းလို့ပြောလိုက်တော့တယ်

"အာစိကို စောင့်နေတာ

"အာစိကိုဆရာတော်ဘုရားကခေါ်လို့လေ  ကျုပ်တို့တော့ ဆရာတော်ဘုရားကြိမ်လုံးကြောက်လို့ လိုက်မသွားဘဲ ဒီမှာ‌စောင့်နေတာ

ဟင်အဲ့တာဆိုခုနကကြားခဲ့တဲ့အသံတွေက ဟိုအမူးသမားများလား

"ဆရာလေး ကျောင်းဆောင်ရှေ့ဖြတ်လာတော့ ကျောင်းပေါ်ကအသံတွေကြားလား

ဒေါင်းOù les histoires vivent. Découvrez maintenant