"ကဲ! အကိုလေးတို့ အိမ်ထဲရောက်မှ ဆက်ပြောကြပါရှင် အိမ်ရှေ့ကြီးမှာ မပြောလိုက်ချင်ဘူး ဟွမ့်''
"မမနော် ယံယံကို ကိုကိုကြီးက ဂရုစိုက်နေလို့ မကျေနပ်ဖြစ်နေတာမလား တစ်ခါတစ်လေ အိမ်လာလို့ ကိုကိုကြီးနားကပ်ရတာကို လာငြိုငြင်နေတယ် ၊ သိပါတယ် သိပါတယ် ကိုကိုကြီးက မမအပိုင်ပါနော်''
တစ်နေ့တော့ မင်းအပိုင်ဖြစ်လာမှာပါ ကလေးရယ်.....မင်းလဲကိုယ့်အပိုင်ဖြစ်လာစေဖို့ ကိုယ်ကြိုးစားမှာပါ....
"ဟုတ်သားဘဲ! မ,ရယ် တိမ်ယံကလာတုန်းလေး ကိုယ့်အနားကပ်ရတာ ကပ်ပါစေ''
"ဟုတ်ပါပြီ မ,ကဘာပြောနေလို့လဲ မောင်ရ''
"အင်း! တိမ်ယံ ကိုကိုဗိုက်ဆာလာတယ် အိမ်ကထွက်လာတာ ဘာမှမစားခဲ့ရဘူး''
"ဟာ...ဟုတ်လား ဒါဆိုမမကော မစားခဲ့ရသေးဘူးလား''
"မမကစားခဲ့ပါပြီကွယ် မောင်လေးရဲ့ကိုကို့ကိုသာ ကျွေးလိုက်တော့ မမကပင်ပန်းလို့နားချင်ပြီ''
ထိုသို့ပြောပြီး မမကအိမ်ထဲဝင်သွားတော့သည် ။ သူ့အခန်းမှာ သွားနာမည်ထင်ပါရဲ့ ။
"ဟုတ်,မမ ကိုကြီးခဏနားပြီး ရေချိုးလိုက်အုံး လန်းသွားအောင် ယံယံ ကိုကြီးဖို့ ကြက်သားကြော်ပေးမယ်''
"ဟုတ်ပါပြီကွာ ဒါဆိုယံယံလက်ရာလေးစားရတော့မှာပေါ့''
ခေါင်းကဆံပင်လေးကို ဖွာရင်း ခပ်ဖွဖွလေး ပုပ်ပေးနေသော ကိုကိုကြီးက ချောမောနေလိုက်တာ ယံယံရင်ထဲ တစ်ဒိန်းဒိန်းနဲ့ ဂနာမငြိမ်ဖြစ်နေရ၏ ။ ဘယ်ဘတ်ရင်အစုံကိုဖိပြီး ပါးဖောင်းလေးများ colour ခြယ်သလို ပန်းရင့်ရောင်သန်းကာ နီစွေးစွေး အောက်နှုတ်ခမ်းပါးလေးက အပေါ်သွားချွန်ကလေး၏ ဖိကိုက်ခြင်းခံနေရ၏ ။
"ကို...ကိုကြီး အပေါ်တက်တော့လေနော်''
"အင်း! ဒါဆို ကိုယ်ခဏနားပြီး ရေချိုးခဲ့မယ်''
"ဟုတ်!''
ကိုကြီးက ထပ်ပြုံးပြလာပြန်ပါသည် ။ ကိုကြီးသာ အသူရာဖြစ်ခဲ့လျှင် ကိုကြီးအပြုံးကြောင့် သီကြားမင်းရှုံးလောက်၏ ။ မမပြောတော့ ကိုကြီးက မပြုံးတတ်တဲ့ ကျောက်ရုပ်လူသားကြီးပါတဲ့ ယံယံကတော့ အဲလိုမထင်မိ ။ ကိုကြီးက အချိုဆုံး အပြုံးပိုင်ရှင်ဖြစ်လိမ့်မည် ။
![](https://img.wattpad.com/cover/317436328-288-k746235.jpg)