"သိပ်မကြည့်နဲ့ အချစ်...ဒီနေ့တော့အဖြေပေးဖို့ ပြင်ထား..."

နားနားကပ်ကာတိုးတိုးလေးပြောလိုက်‌ေသာဂျောင်ဂုကြောင့် ထယ်ယောင်းသေချင်စိတ်ပေါက်မိသည်။

"လာ...အထဲ၀င်ကြရအောင်"

သုံးယောက်သားအထဲ၀င်ကြသည်။ ၀န်ထမ်းတွေက တန်းစီ အရိုအသေပေးနေကြသည်။အစည်းအဝေးအခန်းဆီသို့ ၀င်တာနဲ့ ၀န်ထမ်းတွေက မတ်တပ်ရပ် အရိုအသေပေးကြသည်။

"သား မေမေဘေးက ထိုင်ခုံမှာ၀င်ထိုင်...."

"ဗျာ...ဒါ မေမေ ထိုင်ရမယ့် ထိုင်ခုံလေ"

"ထိုင်သာထိုင်ပါ သားရယ်"

စားပွဲရှည်ကြီးရဲ့ထိပ်က ထိုင်ခုံမှာ ဂျောင်ဂုကိုထိုင်ခိုင်းသည်။သူမလဲဘေးက ထိုင်ခုံမှာ ၀င်ထိုင်ကာ

"ကဲ...ဒီနေ့ ခေါ်ရတဲ့အကြောင်းအရင်းက ကျွန်မလဲအသက်တွေကြီးလာတော့ အလုပ်‌ေတွသိပ်လုပ်လို့မနိုင်တော့ဘူး...အနားယူချင်နေပီ...ဟောဒီက ကျွန်မသား ဂျောင်ဂုက ဒီကုမ္ပဏီရဲ့အကြောင်းအရာတွေကို တော်တော်များများ သိနားလည်နေပီဆိုတော့ ဂျောင်ဂုကို CEO ရာထူးပေးချင်ပါတယ်...ကန့်ကွက်မယ့်သူရှိပါသလား"

"ဗျာ ....မေမေ ...ကျွန်တော်မလုပ်..."

ဂျောင်ဂုရုတ်တရက်မို့ သူ့အမေကို ပြောမည်အလုပ် အမေက လက်ကာ ကာ ငြိမ်ငြိမ်ထိုင်နေဆိုတဲ့ပုံစံ လုပ်ပြသည်။

"ကျွန်တော်တို့သဘောတူပါတယ် သူဌေး....အစ်ကိုလေးလဲ အရွယ်ရောက်နေပီပဲ့....ကြိုးစားရင်အောင်မြင်မာပါ"

"အင်း ကျွန်မသားကို ကျွန်မယုံတယ် ...သားတစ်ခုခု ပြောလိုက်အုံး အားတက်သွားအောင်"

"ဟုတ်ကဲ့ပါ ကျွန်တော်အကောင်းဆုံးကြိုးစားသွားပါမယ်...မသိတဲ့ဟာ မတတ်တဲ့ဟာတွေရှိခဲ့ရင် ကူညီပေးကြပါနော်"

ဂျောင်ဂုသက်ပြင်းအသာချရင်း အားတက်သရော ပုံစံနဲ့ပြောလိုက်တော့ လက်ခုပ်ဝိုင်းတီးကာ ဂုဏ်ပြုပေးကြသည်။တစ်ချက်တစ်ချက် ထယ်ယောင်းဖက် လှည့်ကြည့်သည်မို့ ထယ်ယောင်း ရင်တမမနှင့်...။

"မေမေ ဘာလို့အမြန်ကြီးဆုံးဖြတ်လိုက်တာလဲဗျာ‌ စောလွန်းမနေဘူးလား "

မောင့်မူပိုင်💜 (Completed)Where stories live. Discover now