"ရား ရား....မင်းတို့ကကိုရီးယားလိုပြောကြလေကွာ။ ငါတို့နားမလည်ဘူး"
"မပြန်နိုင်ဘူး။ မင်းဘာသာပေါပေါ မပေါပေါ ငါ့အလုပ်ကဒီမှာ"
"မင်းစကားကိုမင်းတည်လေ"
"မင်းကမှဘာဖြစ်နေတာလဲ။ ငါကစနောက်ပြီးပြောလိုက်တဲ့စကားတစ်ခွန်းကို ဘာလို့အထအနကောက်နေရတာလဲ။ ငါရောက်လာတာကဘာဖြစ်နေလို့လဲ။ မင်းတို့အဖွဲ့အတွက်ငါ့ထက်ပိုသင့်တော်မယ့်သူရှိသေးလို့လား။ ရှိရင်ပြ"
ဇေ့အသံတွေမှာလည်း ဒေါသတွေပါနေတာ။ ထွက်မှာပေါ့။ ရှေ့လျှောက် ကိုယ်ကအကောင်းဆုံးစီမံခန့်ခွဲပေးမှာ။ ညီညီ့အနားမှာနေပြီး စောင့်ရှောက်ပေးရမှာ။ ဒီစေတနာတွေကိုနားမလည် ကြိုတောင်မကြိုဆိုနိုင်ပဲ မြင်ရုံနဲ့ဘာလို့ပထုတ်နေရတာလဲ။ စိတ်တိုလိုက်တာ။
"ရှိတယ်....အများကြီးရှိတယ်လို့ပြောပြီးပြီလေ။ အဲ့လောက်အားနေရင်တခြားအဖွဲ့မှာသွားလုပ်။ ငါကတော့လက်မခံဘူး)
"ဒါဆိုမဲခွဲကြည့်လေ။ ငါကဒီမှာဆက်နေသင့်လားမသင့်လား"(ကိုရီးယားစကားဖြင့်)
"ဘာလို့မဲခွဲမှာလဲ"
"ခွဲရမှာပေါ့။ အဖွဲ့ဖြစ်နေတဲ့အတွက် တစ်ယောက်ချင်းစီရဲ့ဆန္ဒကအရေးကြီးတယ်"
"ငါကတော့နေစေချင်တယ်"
အကြောင်းရင်းကိုမသိကြပေမယ့် အယောင်ယောင်အနနနဲ့ဝင်မဲမေးကြလေသည်။
ထယ်ဆော့ကအရင် မဲပေးသည်။ မဆိုင်းမတွပင်ကျန်လေးယောက်ကပါ ဇေ့ကိုနေစေချင်သည့်ဘက်ကမဲပေးကြကာ ငါးမဲတစ်မဲနှင့် ညီညီရှုံးသွားသည်။သူနိုင်သွားလို့ ထေ့ပြီးကြည့်နေတဲ့မျက်လုံးတွေကိုလက်ညိုးနဲ့နှိုက်ပစ်ချင်တာ။ သူပင်ပန်းမှာစိုးလို့ ကိုယ်ကပြောတာကို။ ကြားထဲအားရင်အားသလိုမေမေက အလုပ်တွေလှမ်းလှမ်းပေးနေမှာသိတယ်။ ညီညီတို့သားအမိနှစ်ယောက်ကြားမှာ ညပ်ပြီးပင်ပန်းမှာစိုးလို့ စေတနာနဲ့။
သူ့ကိုပဲကိုယ်ကမနေစေချင်တာတဲ့လား။ သူရှိနေရင်ကိုယ်ပိုတောင်လုံခြုံသေးတယ်။ မနေစေချင်စရာလား။
41 (Uni)
Start from the beginning