"ဒီနေ့ ဒယ်ဂူ သွားမယ်မလား...လမ်းမှာ ဂရုစိုက်အုံး..ခနစောင့် မေမေ ပိုက်ဆံသွားယူလိုက်အုံးမယ်"

"ဟုတ် မေမေ"

"ရော့......ဒီမှာ သားငယ်...ဟိုမှာ ဘယ်နှရက်ကြာမာလဲ ပီးတော့ဘယ်မှာတည်းမှာလဲ ဟိုရောက်ရင် မေမေဆီ ဖုန်းဆက်အုံးနော်...ပိုက်ဆံကော လောက်တယ်မလား ဒီလောက်ဆို..."

"ဟုတ် လောက်တယ်မေမေ...ဟိုက ဟိုတယ်တစ်ခုမှာ တည်းမှာပါ နှစ်ရက်လောက်တော့ ကြာမာ မေမေ အဲမာ ရှုခင်းလှတယ် ကြားတယ် ပုံလှလှ လေး လိုချင်လို့..."

"အင်း သားငယ်..အာ့ဆို ဂရုစိုက်သွား...ဟိုမှာ ...ရန်ဖြစ်မနေနဲ့အူး"

"ဟုတ်....မေမေ....ချစ်တယ်နော် ....အာဘွား....အစ်ကို ကိုလဲ ပြောပြလိုက်အုံးနော် မေမေသားသွားတော့မယ် ...."

"အင်း...သားငယ်..."

မနက်စာစားပီးသည်နှင့် သူ့အမေရဲ့ပါးကို တချက်နမ်းကာ ...ခရီးဆောင်အိတ်ဆွဲလျက် ထွက်လာလိုက်သည်။ဆိုးလ်နှင့် အနည်းငယ်ဝေးသော ဒယ်ဂူမြို့လေးသို့ ကားမောင်းထွက်လာခဲ့တော့သည်။

"ပါးပါး...."

"ဟင့်.....သားသားနိုးပီလား...နေသာရဲ့လား...ဘယ်နားနာနေသေးလဲ...."

ဂူဂူလေး ဆေးရုံကုတင်ပေါ်အိပ်နေသည်မှာ တစ်ရက်ကြာသွားသည်။ထယ်ယောင်း ညမအိပ်နိုင်ပါ။ အစားအသောက်လဲ မစားဖြစ်ခဲ့။ဂူဂူလေးလက်လေးတွေကိုင်လိုက် စကားတွေပြောလိုက်နဲ့ ပျာယာခတ်နေသည်။ဘိုဂမ်က သူစောင့်နေပေးပါမယ် အနားယူလိုက်ပါအုံး ပြောလဲ မရ။တစ်ညလုံးအရိပ်တကြည့်ကြည့်နဲ့ ။မနက်လင်းခါနီး ပင်ပန်းလို့အိပ်ပျော်သွားချိန်..ဂူဂူ့အသံကြားလို့နိုးလာပီး စိုးရိမ်တကြီး မေးနေလေးသည်။

"ပါးပါး....သားသားဘယ်ရောက်နေတာလဲဟင်...."

"ဆေးရုံရောက်နေတာ သားသား.....ခနနော် ပါးပါး ဦးဦးဘိုဂမ်ကို သွားခေါ်အူးမယ်"

"ဟင် ဦးဦးဆရာ၀န် ဒီရောက်နေတာလား"

"အင်း...ခနစောင့်နော်"

ပြောရင်း ဘိုဂမ်ကိုခေါ်ဖို့ ထွက်လာလိုက်သည်။

"ဂူဂူလေး နိုးလာပီလား...ပြပါအူး ဦးဦး စစ်ကြည့်အူးမယ်"

မောင့်မူပိုင်💜 (Completed)Where stories live. Discover now