Behind the curse ( part2) Unicode

48 9 1
                                        

part(2)

ဒီလိုမျိုးတောင်းဆိုလာတော့လည်း ကိုယ်ကချစ်နေတဲ့သူဖြစ်တာကြောင့် လိုက်လျောမိပြန်တယ်

"ဟု ကျနော်လုပ်ပေးပါ့မယ်"

"yes ဒါဆိုသွားကြရအောင် ရှောင်ကျန့်"

ဝက်ဝံဝတ်စုံက ဝတ်ရတာ အထဲမှာပူလောင်ပြီး နေရတာအဆက်မပြေပေမယ့် ကလေးငယ်တွေရဲ့အေးမြပြီးလတ်ဆတ်တဲ့ အပြုံးလေးတွေကို မြင်ရတဲ့အတွက်တော့ ဒီလိုဝတ်ထားရတာသိပ်တော့မဆိုးလှပါဘူး

"ရှောင်ကျန့် နိရှောင်ကျန့်မလား ဟားးဟားး နိက သိပ်သနားစရာကောင်းတာပဲဟယ်  လင်းယွဲ့က ဒီတခါရော နိကိုဘာကတိပေးထားလည်း "

"ဟဲ့နိကလည်းဟယ် သူကို အနမ်ပေးမယ် ဘာညာ ပြောထားလားမှမသိတာ ဟားးဟားးး"

"နိ လင်ယွဲ့ကို ပို့လိုက်တဲ့ အမည်မသိ ဗယ်လင်တိုင်းကဒ်ကို ရုံးကလူတွေအားလုံးသဘောကျကြတယ် ဟားးဟားးနိကယောက်ကျားလေးတန်မဲ့ လင်ယွဲ့ကို မြူစွယ်ဖို့ကြိုးစားနေတာမရှက်ဘူးလား"

မိန်းကလေးသုံးယောက်ပေါင်းပြီ သူကိုရစရာမရှိအောင်ပြောဆိုနေပေမယ့် သူ ပြန်မပြောဖြစ်ဘူးသူဘဝမှာဒီလောက်တသ်ခါမှအရှက်မကွဲဘူးဘူး သူကိုယ်သူလည်း စိတ်တိုတယ် မိန်းကလေးတွေကိုတောင် ပြန်ပြီးတစ်ခွန်းမှမပြောနိုင်ဘူးး သူဝမ်းနည်းလွန်းလို့အာ့နေရာကနေ ပြေးထွက်လာမိတယ်

ဓာတ်လှေကားထဲကိုဝင်ပြီးအားရပါရ ငိုချပလိုက်တယ် သူငိုနေတုန်းကိုလူတစ်ယောက်ဓာတ်လှေကားထဲကိုဝင်လာတာမို့ ဝက်ဝံခေါင်းစွပ်ကြီးကို အမြန်ပြန်စွပ်လိုက်တယ်

သူတို့သွားရမယ့်အထပ်မရောက်ခင်မှာ ဓာတ်လှေကားမီးပြတ်သွားတော့တယ်

"အားးးသေတော့မယ် ပါးပါးးကယ်ပါ"
အလုံးပိတ်အခန်းထဲမှာ ဝက်ဝံဝတ်စုံကြီးနဲ့ဆိုတော့ ပူလွန်းလို့သေတော့မယ်

"ဟျောင့် bear မင်းက အပူခံပြီးသေမို့လား အာ့ဝတ်စုံကိုချွတ်လိုက်စမ်း "

ရှောင်ကျန့်လည်းကြောက်ကြောက်လန့်လန့်နဲ့ခေါင်းစွတ်ကိုချွတ်လိုက်တော့

"ဟာ မင်းက ငါ့ရဲ့အပေါ်ခန်းက ကောင်လေးမဟုလား"

"ဟု ဟု"

Behind the curseOù les histoires vivent. Découvrez maintenant